မတ်လ(၂)ရက်နေ့ နံနက်(၉)နာရီတွင် တရုတ်-မြန်မာနယ်စပ်ဒေသရှိ ရွှေလီမြို့ နုန့်တောင်မြို့နယ် မူလတန်းကျောင်းမှ ကျောင်းဆရာများနှင့် ကျောင်းသူကျောင်းသားများသည် ဝတ်ကောင်းစားလှဖြင့် ကျောင်းဖွင့်ရက်ကို ကြိုဆိုကြသည်။
“ကျောင်းသူကျောင်းသားတို့၊ ကျွန်တော်က သားတို့ သမီးတို့အပေါ် မျှော်လင့်ချက်ထားတယ်။ အဲဒါက အိပ်မက်၊ ကြိုးစားခြင်းနဲ့ ကျေးဇူးဆပ်ခြင်းဖြစ်တယ်”ဟု ရွှေလီအကောက်ခွန်ဦးစီးဌာန ဌာနမှူး ရှီမင်ဟိုင်းသည် ကျောင်းသူကျောင်းသားများအတွက် ကျောင်းဖွင့်ရက်၏ပထမဆုံးစာသင်ချိန်တွင် ပြောကြားသည်။
“ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့က ကျောင်းဆရာဆရာမတို့အပေါ် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ သူတို့က ကျွန်တော်တို့ကို ပညာဗဟုသုတ သင်ပေးနေလို့ပါ။ ဒုတိယအနေနဲ့ ကျွန်တော်တို့ရဲ့ မိဘတွေအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ သူတို့က ကျွန်တော်တို့ကို ပြုစုကျွေးမွေးတာ တော်တော်ပင်ပန်းလို့ပါ။ ကျောင်းသူကျောင်းသားတွေက စာကြိုးစားပါ။ ဒါက ကျေးဇူးဆပ်ဖို့အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်”ဟု ရှီမင်ဟိုင်းသည် ဆက်လက်ပြောကြားသည်။
ရွှေလီအကောက်ခွန်ဦးစီးဌာန၊ ရွှေလီကြက်ခြေနီအသင်းနှင့် ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ တာဝန်ခံ ထုတ်ဝေသော “မင်္ဂလာမဂ္ဂဇင်း”သည် ကျောင်းသူကျောင်းသားများအတွက် အင်္ကျီ၊ ဖိနပ်နှင့် ကာယလေ့ကျင့်ရန် အားကစားပစ္စည်းတို့ကို လှူဒါန်းပေးခဲ့သည်။
“လှူဒါန်းပေးတဲ့ဌာနတွေကို ကျေးဇူးတင်ပါတယ်။ ကျောင်းထဲမှာ ကျောင်းသူကျောင်းသား စုစုပေါင်း (၂၄၆) ယောက်ရှိတယ်။ အဲဒီထဲမှာ မြန်မာကျောင်းသူကျောင်းသား (၁၅)ယောက်ရှိတယ်။ ကျွန်တော်တို့က နယ်ပယ်အသီးသီးမှ ချစ်ကြည်ရေးပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးကို မမေ့သင့်ဘူး။ ကျွန်တော်တို့က စာကြိုးစားသင်ယူရမယ်။ အလုပ်ကြိုးစားရမယ်”ဟု ကျောင်းအုပ်ကြီး ယမ်လျှက်မှ ပြောကြားခဲ့သည်။
“ကျွန်မ အနာဂတ်မှာ ကျောင်းဆရာမတစ်ယောက် ဖြစ်ချင်တယ်။ တရုတ်ပြည်မှာ ကျောင်းဆရာမ သွားလုပ်မယ်။ မြန်မာနဲ့တရုတ်နှစ်နိုင်ငံရဲ့ ချစ်ကြည်ရေးကို ခေတ်အဆက်ဆက်ဆက်ခံစေဖို့ တွန်းအားပေးမယ်”ဟု အသက်(၁၅)နှစ်သာရှိသေးသော မြန်မာကျောင်းသူ လှထွေးမှ ပြောကြားခဲ့သည်။
အပြန်အလှန်ဖလှယ်ရာတွင် အကောက်ခွန်ဌာနချုပ်၏ ရွှေလီမှောင်ခိုကုန်ပစ္စည်းရှာဖွေရေးခွေးများဖြင့် မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခြင်းအကြောင်းကို ကျောင်းဆရာနှင့် ကျောင်းသူကျောင်းသားများအတွက် တင်ဆက်ပြသပေးခဲ့သည်။ ထို့ပြင် ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ အင်္ဂလိပ်၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ဘာသာစကားပြောတတ်ကျွမ်းသော သတင်းတောက်တို့သည် “ကြီးကျယ်ခမ်းနားသော ပြင်ပလောက” ခေါင်းစဉ်ဖြင့် ကျောင်းသူကျောင်းသားများနှင့် ဆွေးနွေးဖလှယ်ကြသည်။
(Yunnan Gateway)