မြို့ပြမှာနေတာ ကြာပြီဆိုတော့ အမြဲ ခရီးထွက်ချင်နေတယ်။ သာယာပြီး နွေထွေးလှတဲ့ နွေဦးလေပြည်၊ ကြည်လင်သာယာတဲ့ နေခြည်၊ စိတ်ကြည်နူးစေတဲ့ တရုတ်ဧကတစ်သောင်းရှိတဲ့ မြက်ခင်းပြင် စတာတွေကို သွားရောက်ရှုစားချင်ပါတယ်။ ကျေးရွာလမ်းကလေးမှာ လမ်းလျှောက်ရင်း ဝေေ၀ဆာဆာ ပွင့်ဖူးလျက်ရှိတဲ့ ပန်းမန်ပင်လယ်ကြီးမှာ နစ်မျောကြမယ်။
ဒီစိတ်ကူးအတိုင်း မေလမှာ ကျွန်တော်တို့ စိတ်တိုင်းကျစေမယ့် ခရီးသွားကြဖို့ ရှန်ဂရီလာကို သွားရောက်ခဲ့တယ်။
တိဗက်စကားမှာ ဖူတာချို့ ဆိုလိုတာက ‘နတ်၏အကူအညီနဲ့ လှေဖြင့် ရေကန်တစ်ဖက်ကမ်းကို ရောက်ရှိလာတာ’ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကုန်းတွင်းဒေသမှာ ပထမဆုံး နိုင်ငံတော် ပန်းခြံဥယျာဉ် ဖြစ်တယ်။ ဒီနေရာက တီချင့်ပြည်နယ်ခွဲ ရှန်ဂရီလာမြို့မှာ ဇလပ်နီပန်း အစောဆုံး ပွင့်ဖူးတဲ့နေရာ ဖြစ်တယ်။ ဒီဇလပ်နီပန်းတွေ ကွေ့တီးကွေ့ကောက်ရှိတဲ့ ကားလမ်းနံဘေးမှာ အစီအရီ ပွင့်လျက်ရှိတယ်။ ရှုမငြီးတဲ့ ပန်းမန်ကားလမ်းလို့ ချီးကျူးခေါ်ဝေါ်တယ်။ ဒီနေရာမှာပွင့်တဲ့ ဇလပ်ပန်းရဲ့ အမျိုးအစားက များပြားလှတယ်။ ချောမွတ်သိမ်မွေတဲ့ ကျောက်စိမ်းလို ဖြူဖွေးလှတယ်။ သေသပ်လှပတဲ့ ပန်းရောင်ဇလပ်ပန်း ရှိတယ်။ ဆန်းတင့်ဝေဆာတဲ့ ခရမ်းရောင် ဇလပ်ပန်းလည်း ရှိပါတယ်။
မေလကနေ ဇွန်လအထိဟာ ရှန်ဂရီလာရဲ့ အလှပဆုံးရာသီ ဖြစ်တယ်။
ဒီနေရာမှာ ပန်းပင်လယ်ကြီးကို အနှံ့အပြားမှာ ရှုစားနိုင်ပါတယ်။
ခရီးသည်များကိုလည်း နစ်မောစေတယ်။
ရှောင်ကျုံတျိမ်
ဝေရှီးလီတီဖျင့်
ပိုင်မာနှင်းတောင်
Bigu Tianchi
ချန်ဟူစန်တောင်
ဖူတာချို့က ဇလပ်နီပန်းကို ရှုစားပြီးနောက် ကျွန်တော်တို့အဖွဲ့ ရှန်ဂရီလမြို့ကို ရှောက်ရှိပါတယ်။ မွန်မြတ်သန့်စင်တဲ့နေရာဖြစ်တဲ့ ပါလာကဲ့ကျုံကို လေ့လာကြည့်ရှုခဲ့တယ်။