တိရစ္ဆာန်ရုံမှာ လေ့လာကြည့်ရှုရုံသက်သက် မဟုတ်ဘူး -- ယူနန်ပြည်နယ်၏ ပထမဆုံး မိုးလုံလေလုံတိရစ္ဆာန်ဥယျာဉ် ဇွန်လ(၂၉)ရက်နေ့က ကူမင်းမြို့တွင် ဖွင့်လှစ်

2019-07-01 19:06:25 |သတင်းအရင်းအမြစ် 云桥网

မိုးလုံလေလုံ အခန်းတွင်းတိရစ္ဆာန်ရုံ၊ ခေတ်မီအသိပညာပေးခြင်း၊ သုခရိပ်မြုံ စသည့်ဝန်ဆောင်မှု များ ရောစပ်ပြီးလျှင် ဘာဖြစ်နိုင်မည်နည်း။ အဆိုပါဝန်ဆောင်မှုများကို ဇွန်လ(၂၉)ရက်နေ့က ကူမင်းရှင်ဒူလုံးချိန်တွင် ဖွင့်လှစ်သော ပထမဆုံး တိရစ္ဆာန်ဥယျာဉ်ဖြစ်သော My Zoo ၌ လက်တွေ့ခံစား နိုင်ပါမည်။ ခရီးသည်များသည် နူးညံ့သိမ်မွေ့သော တိရစ္ဆာန် (၁၀၀) နီးပါးနှင့် အပြန်အလှန် တုံ့ပြန်နိုင်ကာ အတိုချုံ့ထားသော ကမ္ဘာဂေဟစနစ်ခရီးစဉ်ကို ပြည့်စုံစေမည်ဖြစ်သည်။

ဤချစ်စရာကောင်းသောတိရစ္ဆာန်ဥယျာဉ်သည် မဲခေါင်မြစ်အုပ်စုအဖွဲ့မှ ထူထောင်သော ခရီးသွားလာရေးစီမံကိန်း (၁၆)ခုမှ ဖြစ်သည်။ အခန်းတွင်း ခင်းကျင်းထားသောရှုခင်းဇုန်နှင့် နယ်ပယ်ကို သဲကန္တာရ၊ အပူပိုင်းဇုန်မိုးသစ်တော၊ ပင်လယ်သမုဒ္ဒရာ စသည့် မတူညီသော ပထဝီပတ်ဝန်းကျင်ဖြင့် ခွဲခြားထားပါသည်။ နယ်ပယ်တိုင်းတွင် တိရစ္ဆာန်များ မှီတင်းနေထိုင်သော ပတ်ဝန်းကျင်အတိုင်း ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် တိရစ္ဆာန်များအား သဘာဝပတ်ဝန်းကျင်တွင် နေထိုင်စေသကဲ့သို့ပင် ဖြစ်သည်။

မိုးလုံလေလုံတိရစ္ဆာန်ဥယျာဉ်သည် တရုတ်ပြည်တွင် ထွန်းသစ်စလုပ်ငန်း ဖြစ်သကဲ့သို့ ကလေးများအား ခေတ်မီအသိပညာပေးခြင်းကို ထောက်ပံ့ပေးနိုင်သော အရေးပါနေရာ ဖြစ်ကြောင်း၊ "တိရစ္ဆာန်ခေတ်မီအသိပေးပညာခြင်းကို အောင်မြင်အောင်လုပ်ဆောင်ဖို့က မိုးလုံလေလုံ အခန်းတွင်း တိရစ္ဆာန်ဥယျာဉ် တည်ထောင်တဲ့ ရည်မှန်းချက်ပဲ။" ဟု တာဝန်ရှိသူ ဝမ်ရှင်က မိတ်ဆက်ပြောပြသည်။ ဤစီမံကိန်းကို သုတေသနပြုသည့်အချိန်မှစ၍ စီမံကိန်းဖော်ဆောင်သည့်အချိန်အထိ ၃ နှစ် ရှိကြောင်း၊ လုပ်ငန်းအဖွဲ့သည် အမေရိကန်၊ ဂျာမနီ၊ ဂျပန် စသည့်ဒေသများသို့ ရှေ့ဆင့်နောက်ဆက် လေ့လာ ကြည့်ရှုပြီး နိုင်ငံတကာတိရစ္ဆာန်ခေတ်မီအသိပညာပေးနိုင်သော ခေတ်အမီဆုံးအတွေ့အကြုံကို အတုယူကြောင်း၊ တရုတ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း လက်တွေ့ပညာရေးအခြေစိုက်စခန်း ဖြစ်သော ယူနန်တောရိုင်းတိရစ္ဆာန်ရုံ၏ ခေတ်မီအသိပညာပေးအရင်းအမြစ်ကို အထောက်အကူပြုပြီး ခေတ်မီအသိပညာပေးသော နည်းလမ်းကို ဆန်းသစ်တီထွင်စေကြောင်း သိရပါသည်။

ထို့ပြင် အဆင့်မြင့်သော တိရစ္ဆာန်နေထိုင်မှုပတ်ဝန်းကျင်နှင့် ဥယျာဉ်သို့ လေ့လာကြည့်ရှုခြင်း ခံစားချက်ကို အာမခံရန် ဤဥယျာဉ်သည် ထိပ်တန်းလေမှုတ်စနစ်ကို တပ်ဆင်ပြီး လေလဲသည့်အချိန်မှာ တစ်နာရီလျှင် ၅ ကြိမ်မှ ၆ ကြိမ်ဖြစ်သည်။ တိရစ္ဆာန်ဥယျာဉ်အတွင်း လေ့လာကြည့်ရှုသည့် ခရီးသည် ဦးရေ သတ်မှတ်ချက်ထားရှိရာ တစ်နာရီလျှင် ခရီးသည် အယောက်(၂၀၀)အတွင်းသာ လေ့လာကြည့်ရှု နိုင်သည်။

သတင်းထောက် -- Wang Huan၊ Li Wenjun

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006