ကူမင်းမြို့ဆဌမအကြိမ်မြောက် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

2019-07-17 18:01:12 |သတင်းအရင်းအမြစ် 云南网

ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းတွင် ကူမင်းမြို့ ဆဌမအကြိမ်မြောက် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသည် ရှီလင်ခရိုင် အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။ အားကစားသမားများသည် အားရှီးမာ၏ ဇာတိတွင် ယှဉ်ပြိုင်ကြရပါသည်။

ယခုတစ်ကြိမ် အားကစားပြိုင်ပွဲသည် သက်ငယ်တန်း၊ သက်ကြီးတန်းဟု ခွဲထားပြီး ဆုပေါင်း ၄၆၀ ချီးမြှင့်မည်ဖြစ်သည်။ ကူမင်းမြို့ အားကစားပြိုင်ပွဲကို ၄ နှစ်တစ်ကြိမ်ကျင်းပလျက်ရှိပြီး ယခုတစ်ကြိမ်အားကစားပြိုင်ပွဲသည် ရီလူမျိုး ရိုးရာမီးရှူးတိုင်ပွဲတော်နှင့်အတူ အားကစားသမား၊ အကဲဖြတ်ဒိုင်လူကြီး၊ ၀န်ထမ်း၊ ပရိသတ်၊ ခရီးသည်စုစုပေါင်း ၁ သောင်းကျော် ပါဝင်ဆင်နွှဲကြသည်ဟု သတင်းအရသိရပါသည်။

 

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006