အိပ်မက်ဖော်ဆောင်သူ -- စားသုံးသူရဲ့စိတ်ကို ဖမ်းစားနိုင်တဲ့ အရက်စပ်ကျွမ်းကျင်သူ ဝမ်ယွီဝိန်

2019-08-20 19:27:29 |သတင်းအရင်းအမြစ် 云桥网

"အရက်စပ်ကျွမ်းကျင်သူဟာ လုပ်ငန်းလိုင်စင်မရှိတဲ့ စိတ်ပညာဆရာဝန်တစ်ယောက်လိုပါပဲ။" ကူမင်းဖူခုတ်အရက်ဘားတွင် အရက်စပ်ကျွမ်းကျင်သူ ဝမ်ယွီဝိန်နှင့် တွေ့ဆုံခဲ့သည်။

အရက်ကောင်တာရှေ့တွင် သူသည် အာရုံစူးစိုက်ပြီး ကျွမ်းကျင်စွာ လုပ်ကိုင်နေပါသည်။ အရက်ရွေးချယ်ခြင်း၊ အရက်စပ်ခြင်း၊ အရက်ထည့်ခြင်း စသည်တို့အား အချိန်တိုခဏတာအတွင်း လန်းဆန်းအေးမြသောအရသာရှိသည့် ကော့တေးတစ်ခွက် ဖျော်စပ်လိုက်ပါသည်။ များသောအားဖြင့် ကော့တေးတစ်ခွက် ဖျော်စပ်ရန် ၃ မိနစ်ခန့်သာ လိုအပ်သည်။ ထိုအချိန်တို ၃ မိနစ်အတွက် ဝမ်ယွီဝိန်သည် ၁၁ နှစ်တာ ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ ထိုစံချိန်ကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် ဝမ်ယွီဝိန်သည် ပေကျင်းမြို့သို့ အရက်စပ်နည်း သွားရောက်လေ့လာခဲ့သည်။ သူသည် အရသာ ကောင်းမွန်သော ကော့တေးအရက်တစ်ခွက်ကို စပ်နိုင်လျှင် အရက်စပ်ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်သည်ဟူသော အစပိုင်းက ထင်မြင်ချက်သည် အချိန်နှင့်အမျှ တစ်ဖြည်းဖြည်း ပြောင်းလဲခဲ့သည်။ အရက်စပ်ကျွမ်းကျင်သူဆရာတစ်ယောက်ဖြစ်လာလျှင်လည်း အရက်စပ်ခြင်း အပေါ်မွေ့လျော်ရသည့်အပြင် မိမိ၏ အရည်အချင်းတိုးတက်အောင် စဉ်ဆက်မပြတ် မြှင့်တင်ရမည်ဖြစ်ကြောင်း ဝမ်ယွီဝိန် ကပြောကြားသည်။ အရက်စပ်နည်းစာအုပ်သည် နိုင်ငံခြားဘာသာစကားဖြင့်သာ ထုတ်ဝေထားခြင်းကြောင့် နိုင်ငံအသီးသီး၏ အရက်ဖျော်စပ်ခြင်းယဉ်ကျေးမှုကို လေ့လာချင်သော ဝမ်ယွီဝိန်အတွက် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ရသည်။ သို့သော်လည်း အဆိုပါလုပ်ငန်းကို ရွေးချယ်လိုက်ပြီဖြစ်ခြင်းကြောင့် တစိုက်မတ်မတ် ဆက်လက် လေ့လာဆောင်ရွက်ပြီး မိမိကြုံတွေ့နေသော စိန်ခေါ်မှုများကို ကျော်လွှားသွားသည်။

၂၀၁၄ ခုနှစ်တွင် ဝမ်ယွီဝိန်သည် ယူနန်ပြည်နယ်သို့ ရောက်ရှိခဲ့သည်။ သူ့လည်ပတ်လုပ်ကိုင်သော ဖူခုတ်အရက်ဘားကို ၂၀၁၅ ခုနှစ်တွင် ကူမင်းမြို့တွင် ဖွင့်လှစ်ခဲ့သည်။ အန်ဟွေးပြည်နယ်ချန်ဖူတွင် မွေးဖွားသည့် ဝမ်ယွီဝိန်သည် ကူမင်းမြို့တွင် အခြေစိုက်နေထိုင်ကာ ဤမြို့ပြနှင့်အတူ ကြီးထွားလာပါသည်။

အရက်ကောင်တာရှေ့တွင် ဝမ်ယွီဝိန်သည် အရက်စပ်သောအချိန်အတိုင်းအတာအတွင်း ဧည့်သည်များအား ဤမြို့ပြ၏ ဓလေ့ထုံးစံ၊ စားကောင်းသောက်ဖွယ်များနှင့် ရှုခင်းအလှတရားကို သိရှိစေနိုင်ပါသည်။ "ဒီက ဧည့်သည်တွေဟာ ကျွန်တော်တို့ဆီက မျှော်လင့်ချက်ရှိပါတယ်။ ကော့တေးအရက်တစ်ခွက်ဟာ ဧည့်သည်တွေရဲ့ အသိအမှတ်ပြု ချီးကျူးခြင်းရချင်ရင် ရင်းနှီးတဲ့ဝန်ဆောင်မှုနဲ့ သီးသန့်ဖျော်ပေးတဲ့ ကော့တေးအရက် အကုန်လိုပါတယ်။"ဟု သူက ပြောပြသည်။

အရက်ဖျော်စပ်ခြင်းဖြင့် ဝမ်ယွီဝိန်သည် နေထိုင်မှုဘ၀ကို သာသာယာယာ နေထိုင်နိုင်ပါသည်။ နေထိုင်မှုဘ၀က ဝမ်ယွီဝိန်အား အရက်စပ်သော စိတ်အားထက်သန်မှုကို ဖန်တီးပေးသည်။ တီထွင်ဖန်တီးခြင်း၊ ရှာဖွေတွေ့ရှိခြင်း၊ စူးစမ်းလေ့လာခြင်း စသည်တို့အား ဝမ်ယွီဝိန်သည် မရပ်မနား ဖော်ဆောင်လျက်ရှိပါသည်။ ကော့တေးအရက်ဖြင့် ဝမ်ယွီဝိန်သည် ဤကမ္ဘာအား သိရှိနားလည်လာသည်။ အနာဂတ်တွင် ဝမ်ယွီဝိန်သည် အရက်ဘားတစ်ခုခုဖြင့် အရက်စပ်ကျွမ်းကျင်သူဆရာတစ်ဦးဦးမှတစ်ဆင့် လူများအား ကော့တေးအရက်ယဉ်ကျေးမှု၊ အရက်ဘားယဉ်ကျေးမှုနှင့် ကူမင်းမြို့ပြယဉ်ကျေးမှုကို ဖြန့်ဖြူးပေးနိုင်မည်ဟု ဝမ်ယွီဝိန် မျှော်လင့်နေပါသည်။ "ပိုများတဲ့လူတွေ ကော့တေးအရက်အကြောင်း သိရှိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အရက်ဘားနဲ့ ကူမင်းကို နှစ်သက်စေချင်ပါတယ်။"

 သတင်းထောက်-- Yao Chengcheng၊ Li Zha

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006