အိပ်မက်ဖော်ဆောင်သူ -- ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ် နိုင်ငံတကာ Philharmonic သံစုံတီးဝိုင်း ။ ။ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဂီတသမား ၆၀ ကျော်သည် ချစ်သောယူနန်မှာဆိုတီးကြ

2019-11-08 17:20:36 |သတင်းအရင်းအမြစ် 云桥网

“လမင်းထွက်ပေါ်ရာ တောက်ပပြီးရင်း တောက်ပလာတယ်။ တောင်ပေါ်ရှိ အစ်ကိုကြီးကို သတိရနေမိတယ်။ အစ်ကိုကြီးက လမင်းလိုပဲ ကောင်းကင်ပေါ်မှာ လမ်းလျှောက်နေ၊ လျှောက်ပြီးရင်းလျှောက်နေ……” နားဝင်ချိုလှသော ယူနန်တိုင်းရင်းသားသီချင်းဖြစ်သော်လည်း တင်ဆက်သူတို့သည် နိုင်ငံ ၁၀ နိုင်ငံမှ ဂီတသမား ၆၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ် နိုင်ငံတကာ Philharmonic သံစုံတီးဝိုင်း ဖြစ်ပါသည်။

အောက်တိုဘာလလယ်တွင် ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ်ရှိ လေ့ကျင့်ခန်းမ အနီး ဖြတ်သန်းသွားလျှင် နားဝင်ချိုလှသော တေးဂီတသံသည် လူတိုင်းနားသို့ တိုးဝင်လာနိုင်ပါသည်။ ယူနန် ရိုးရာတိုင်းရင်းသားသီချင်း၊ တရုတ်ဂန္ထ၀င်သီချင်း၊ အနောက်တိုင်း ဂန္ထ၀င်သီချင်းများပါရှိသည်။ ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ် နိုင်ငံတကာ Philharmonic သံစုံတီးဝိုင်းသည် ၂၀၁၇ ခုနှစ်မှ စတင်တည်ထောင်ပြီးနောက် တစ်ကမ္ဘာလုံးသို့ ယူနန်အကြောင်းအရာပါရှိသော တရုတ်ဂီတကို တင်ဆက်ဖျော်ဖြေသည့်အပြင် တရုတ်လူမျိုးအတွက် အနောက်တိုင်းနိုင်ငံမှ စင်ကြယ်သော ဂီတကို နားလည်သိရှိစေရန် ရည်ရွယ်ကာ ကြိုးစားလုပ်ဆောင်ကြပါသည်။

ယခုအချိန်ထိ ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ် နိုင်ငံတကာ Philharmonic သံစုံတီးဝိုင်းသည် ပြည်တွင်းပြည်ပတွင် တင်ဆက်ပြသမှု ၇၀ ၀န်းကျင်ရှိပါသည်။ အနုပညာပွဲတော်၊ အကြီးစားအစည်းအဝေး၊ ပန်းချီအနုပညာပြပွဲ၊ ဖက်ရှင်ပြပွဲစသည်တို့တွင် ဆင်ဖိုနီ(Symphony)နှင့် ယူနန်တိုင်းရင်းသားသီချင်းတို့ကို ပေါင်းစပ်တင်ဆက်ခြင်းဖြင့် အံ့ဩကြရသည်။

ဂီတတံတားသည် ယူနန်နှင့် ကမ္ဘာအကြားတည်ဆောက်ထားပြီးယူနန်ချစ်ခြင်းမေတ္တာသည် ဂီတသမားတို့၏ နှလုံးသားတွင် စူးနစ်ဝင်ရောက် နေပါသည်။

အဆင့်မြင့် နိုင်ငံတကာ သံစုံတီးဝိုင်း

“ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ် နိုင်ငံတကာ Philharmonic သံစုံတီးဝိုင်းတည်ထောင်ခြင်းသည် ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ် တာဝန်ခံ တွမ့်ရွန်ရှင်း၏ စိတ်ကူးအတွေးမှ စတင် ဖော်ဆောင်လာတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စီမံခြင်းနဲ့ အဖက်ဖက်မှ ကူညီတွေနဲ့ အလုပ်အဖွဲ့က ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ စတင်အကောင်အထည်ဖော်ပါတယ်။ ဒီနှစ်ဆောင်းရာသီမှာ နိုင်ငံအသီးသီးက ဂီတဆရာများက ပုံမှန်လေ့ကျင့်မှုများစတင်ပါတယ်။”ဟု အောက်လီကယ် က ပြောပြပါသည်။ အောက်လီကယ်သည် ယူကရိန်းနိုင်ငံတော် Philharmonic သံစုံတီးဝိုင်းအဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ် နိုင်ငံတကာ Philharmonic သံစုံတီးဝိုင်း ဒုတိယအဖွဲ့မှူး ဖြစ်ပါသည်။ သူသည် အဖွဲ့ဝင် တစ်ဦးချင်းစီ အခြေအနေနှင့် အကျွမ်းတဝင်ရှိပြီး သံစုံတီးဝိုင်းရာဇ၀င်သမိုင်းကြောင်းကို ရှင်းလင်းစွာသိပါသည်။

“နိုင်ငံတကာ Philharmonic သံစုံတီးဝိုင်း”အဖြစ် ဆုံးဖြတ်ပြီး အဖွဲ့ဝင်များသည် နိုင်ငံခြားသားမိတ်ဆွေ ဖြစ်ရန် လိုအပ်ပြီး အဖွဲ့ဝင်တိုင်းသည် ကောင်းမွန်သော ဂီတစွမ်းရည်နှင့် မြင့်မားသော အရည်အချင်းရှိရန် လိုအပ်သည်ဟု အောက်လီကယ် က မိတ်ဆက်ပေးပါသည်။ ထို့ကြောင့် သံစုံတီးဝိုင်းအဖွဲ့တွင် ပါဝင်ချင်ပါက အဆိုပါအချက်များကို အခြေခံကာ လျှောက်လွှာတင်ပြီး စိစစ်ကာ ပရော်ဖက်ရှင်နယ်စစ်ဆေးသုံးသပ်မှု ကော်မတီ၏ စစ်ဆေးခြင်းကို အောင်မြင်ရမည်ဖြစ်သည်။

ယခုအချိန်တွင် ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ် နိုင်ငံတကာ Philharmonic သံစုံတီးဝိုင်းအဖွဲ့ဝင် ၆၀ ဦးရှိပြီး နိုင်ငံခြားသားများ ဖြစ်၍ ရုရှားနိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ အီတလီနိုင်ငံစသည့်နိုင်ငံတို့မှ ဖြစ်သည်။ သံစုံတီးဝိုင်းအဖွဲ့ကိုမ၀င်မီ သူတို့သည် အတွေ့အကြုံများပြားလှသော လေမှုတ်ကြိုးတပ်တူရိယာဂီတပညာရှင်များ၊ ထူးချွန်လှသော တစ်ကိုယ်တော်ဂီတပညာရှင်များ ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကူမင်းအနုပညာအသက်မွေးဝမ်းကျောင်းကောလိပ်၏ “နိုင်ငံတကာ Philharmonic သံစုံတီးဝိုင်း ၂၀၁၈ ခုနှစ် နှစ်သစ်ကူးဂီတပွဲ”ကို ယူနန်ပြဇာတ်ရုံတွင် တင်ဆက်ပါသည်။ အဆိုပါနေ့ညပိုင်းတွင် တီးဝိုင်းသည် ထူးခြားကွဲပြားသော ပြည်တွင်းပြည်ပ ဂန္ထ၀င်သီချင်း ၁၁ ပုဒ်ကို တီးမှုတ်တင်ဆက်ပြီးနောက် fans ပရိသတ်များစွာထပ်မံရရှိလာပါသည်။ အဆိုပါဖျော်ဖြေပွဲသည် ကမ္ဘာအဆင့်မီ ပွဲကြီးကို ပရိသတ်များအတွက် ယူဆောင်လာသည့်အပြင် မတူကွဲပြားသော တူရိယာနှင့် သီဆိုနည်းများကို ပေါင်းစပ်ပြီး တင်ဆက်ရာ ပရိသတ်များအတွက် ဆင်ဖိုနီ(Symphony)ကို နားလည်မှုအသစ် ရရှိစေခဲ့သည်။

အစပ်ကို စာတတ်သော အစပ်ကြိုက်တဲ့ ယူနန်လူမျိုးအသစ်

“ကြည့်ရတာလေ့ကျင့်ခန်းမအနားမှာ နိုင်ငံခြားဆရာတွေရဲ့ အဆောင် ပဲ။ ထမင်းချက်နေသူက နိုင်ငံခြားဆရာရဲ့ မိသားစုပါ။” သံစုံတီးဝိုင်း တရုတ် ဒုအဖွဲ့မှူး လျူချန်းလီက ပြောပါသည်။ ဤနိုင်ငံခြားဂီတဆရာများသည် မိသားစုပါလာ၍ ယူနန်ပြည်နယ်ရောက်ရှိပြီး နေရာအသစ်တွင် မိမိဂီတအရည်အချင်းကို မြှင့်တင်ရန် ကြိုးစားနေပါသည်။

“ကျွန်တော်တို့လင်မယားနဲ့ ကလေးနှစ်ယောက်ကိုလည်း ခေါ်လာပြီး ယူနန်ပြည်နယ်မှာ အခြေချပါတယ်။” အောက်လီကယ်က ရယ်ပြုံးစွာဖြင့် ပြောပြပါသည်။ တရုတ်နိုင်ငံမသွားမီ သတင်းစာနှင့် အင်တာနက်တို့မှ ယူနန်ပြည်နယ်အကြောင်းလေ့လာသိရှိပြီး အမှတ်မိဆုံးမှာ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံအနောက်တောင်ဘက် နယ်စပ်ပြည်နယ် ဖြစ်ပါသည် ဟု သူက ဆက်ပြောသည်။ ၂၀၁၆ ခုနှစ်မှာ သူက ကူမင်းမြို့သို့ ရောက်ရှိပြီး မိမိ၏ “ယူနန်အိပ်မက်”ကို ဖော်ဆောင်ပါတော့သည်။

သတင်းထောက် ။ ။ လီဟိန်ချန်(ယူနန် gateway) ဗီဒီယို ။ ။ လီဝမ်ကျွင်း

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006