နံနက် ၆ နာရီတွင် နတ်ဖတ်ဟိုင်ကန်တော်၌ ပထမဆုံး ဖြာကျလာမည့် နေရောင်ခြည်ကို စောင့်နေသည်။ ခင်ဗျားက နောက်ဆုံးတစ်ကြိမ် နေထွက်တာကို မှတ်မိသေးလား။ ဖူသာချော့ နိုင်ငံတော်အဆင့် ဥယျာဉ်တော်တွင် အချိန်အတော်ကြာလမ်းလျှောက်လည်ပတ်ရင် ခင်ဗျားက outdoor equipment တွေကို အချိန်ယူ ပြင်ဆင်တာပြီးလို့ အသုံးပြုနိုင်မယ် မဟုတ်ဘူးလား။ တူခယ့်ဇုန် ရှေးဟောင်းမြို့ ကွေးရှမ်းဥယျာဉ်တော်ရှိ prayer wheel ကြီးကိုလှည့်ရာမှာ ခင်ဗျားက အနာဂတ်အတွက် ဘာတွေကို မျှော်လင့်နေသလဲ။
ရှန်ဂရီလာ၏ ဆောင်းဦးရာသီမှာ ဆူညံသံနည်းသွားပြီး အေးဆေးတည်ငြိမ်ခြင်းများလာပါသည်။ သို့သော် သာယာလှပသော ရှုခင်းအလှများကို ပြောင်းလဲခြင်း လုံးဝမရှိပါ။ ရှန်ဂရီလာသည် ရာသီဥတုအလိုက် မတူကွဲပြားသောအလှကို တင်ဆက်နိုင်တဲ့နေရာ ဖြစ်ပါသည်။ ရှန်ဂရီလာမှာ ခင်ဗျားနှင့် ဆုံတွေ့ပါရစေ။
သတင်းထောက်။ ။လီဟိန်ချန်၊ လီဝင်ကျွင်း(ယူနန်နေ့စဉ်သတင်းစာ)