လက်ဝှေ့ ချန်ပီယံဟောင်း မိုက်တိုက်ဆန် ပါဝင်သရုပ်ဆောင်ထားသော China Salesman ရုပ်ရှင်ဇာတ်ကား ရုံတင်တော့မည်

2019-01-07 18:43:45 |သတင်းအရင်းအမြစ် 新华网

တရုတ်ရုပ်ရှင်သရုပ်ဆောင်လီတုံးရွှယ်(Li Dongxue) နှင့်အတူ ကမ္ဘာ့ လက်ဝှေ့ ချန်ပီယံဟောင်း မိုက်တိုက်ဆန် ၊ ကမ္ဘာကျော်ရုပ်ရှင်မင်းသား စတီဗင်ဆေးဂဲလ် နှင့် Janicke Askevold တို့ ပါဝင်သရုပ်ဆောင် ထားသော တရုတ်နိုင်ငံမှ ရိုက်ကူးထုတ်လုပ်ထားသည့် “ China Salesman ” ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၉ ရက်တွင် စတင်ရုံတင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်ဒါရိုက်တာနှင့်ထုတ်လုပ်သူ တို့ က ဆိုသည်။

၎င်းရုပ်ရှင်သည် အာဖရိက၌ ဈေးကွက်ရှာဖွေရေးသွားရောက်လုပ်ကိုင်နေသော တရုတ်လူမျိုးအင်ဂျင်နီယာ တစ်ဦး၏ ရဲစွမ်းသတ္တိရှိပုံ ၊ ဥာဏ်ရည်ဥာဏ်သွေးနှင့်အတူ အခက်အခဲများကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပုံကို ဖော်ကျူးထားသည့် Yan Jian ၏ ဘဝအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ခေတ်မှာ ရေခြားမြေခြားထိသွားပြီး အရောင်းအဝယ်လုပ်တဲ့ တရုတ်လူမျိုးတစ်ယောက်ရ အလုပ် ကြိုးစားပုံ တကယ့်ဖြစ်ရပ်မှန် ပန်းချီကားတစ်ချပ်ကို ဖော်ပုံထားတာပါ” ဟု ဒါရိုက်တာ တန်ဖင်း (Tan Bing) က ပေကျင်းမြို့ ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားသည် တရုတ်နိုင်ငံ၏ စက်မှုနည်းပညာပိုင်းမြင့်မားလာမှု နှင့် တရုတ်နှင့်နိုင်ငံပေါင်းစုံ ကုမ္ပဏီများပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာခြင်းကိုလည်း မီးမောင်းထိုးနိုင်လိမ့်မည်ဖြစ်ကြောင်း တန်က ဆိုသည်။

ရုပ်ရှင်ထုတ်လုပ်သူ Zhao Jianguo က ၎င်းဇာတ်ကားသည် ဖြစ်ရပ်မှန်ပေါ်အခြေခံထားကြောင်း ၊ ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ သားများသည် အာဖရိက နှင့် ဥရောပ အတွင်းရှိ နိုင်ငံပေါင်း ၁ဝ နိုင်ငံကျော်တွင် လုပ်ကိုင် နေကြသော တရုတ်ကုမ္ပဏီများကို သွားရောက်ရိုက်ကူးခဲ့ရကြောင်း ၊ နိုင်ငံတကာစီးပွားရေးတွင် တရုတ် ကုမ္ပဏီများ အောင်မြင်မှုရရှိအောင် မည်သို့ ကြိုးပမ်းအားထုတ်နေမှုကို နက်ရှိုင်းစွာ မြင်တွေ့ ခွင့်ရခဲ့ကြောင်း ပြောကြားခဲ့သည်။

“China Salesman” ရုပ်ရှင်သည် စံချိန်တင်ဝင်ငွေရရှိခဲ့သော Wolf Warrior 2 ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့ပြီး နောက် တစ်နှစ်အကြာတွင် အာဖရိက၌ ဇာတ်အိမ်တည်ရိုက်ကူးခဲ့သည့် နောက်ထပ် တရုတ်ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည်။

အဆိုပါ Wolf Warrior 2 ဇာတ်ကားသည် အာဖရိက၏ စစ်မက်ဖြစ်ပွားနေသော ဒေသတွင် လက်နက်ကိုင်သူ ပုန်များ၏ ဓားစာခံအဖြစ် အဖမ်းခံထားရသော တရုတ်လူမျိုးများ နှင့် ယင်း၏ မိတ်ဆွေအပေါင်းအသင်းများကို တရုတ်အထူးတပ်ဖွဲ့ ၏ ကယ်ဆယ်ရေး စစ်ဆင်မှု ဆောင်ရွက်ပုံအကြောင်းကို ပုံဖော်ရိုက်ကူးခဲ့သော ဇာတ်ကားတစ်ကားဖြစ်ပြီး ၂ဝ၁၇ ခုနှစ်တွင် ဝင်ငွေ တရုတ်ယွမ် ၅.၆၈ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၈၂၉ သန်း) ထိ ရရှိခဲ့ကြောင်း သိရသည်။(Xinhua)