“မြွေဖြူမယ်တော် ရေစက်ဆုံ”(White Snake)ကာတွန်းကား ရုံတင်ပြသမည်

2019-01-09 18:05:13 |သတင်းအရင်းအမြစ် 云桥网

အမေရိကန် Warner Bros. နှင့် တရုတ်နိုင်ငံ Light Chaser Animation Studios ပူးတွဲပြီး (၃) နှစ်ကြာ ရိုက်ကူးထားသည့် “မြွေဖြူမယ်တော် ရေစက်ဆုံ”(White Snake)ကာတွန်းရုပ်ရှင်အား ဇန်နဝါရီလ (၁၁)ရက်နေ့တွင် တရုတ်ပြည်မ၌ ရုံတင်ပြသမည်ဖြစ်သည်။

၎င်းကာတွန်းရုပ်ရှင်သည် မြွေဖြူမယ်တော် ပိုင်စုကျင်း၏ ရှေးဘဝတွင် ကြုံတွေ့ခဲ့သော မမေ့နိုင် သည့် အချစ်ပုံပြင်ကို အဓိကဖော်ပြသည်။ အသိစိတ်ပျောက်သွားသော မြွေဖြူအမျိုးသမီးပိုင်စုကျင်းသည် မြွေဖမ်းသူ အမျိုးသားအားရှမ်း၏ ကယ်တင်ခြင်းခံရသည်။ မွေးဖြူမယ်တော်သည် မိမိ၏ အကြောင်းအရာ ပြန်မှတ်မိနိုင်စေရန် သဲလွန်စရှာရာတွင် အားရှမ်းသည် သူမကို ကူညီထောက်ပံ့ခဲ့သည်။ နှစ်ဦးသည် အခက်အခဲများစွာ ကျော်လွှားရင်း အပြန်အလှန်ချစ်ခြင်းမေတ္တာတွယ်ငြိလာကြသည်။

မြွေဖြူမယ်တော်၏ပုံပြင်ကို တရုတ်လူမျိုးအိမ်တိုင်းလိုလို သိရှိကြသော်ငြာလည်း ကာတွန်းရုပ်ရှင် ရိုက်ကူးသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ တရုတ်စာအုပ်၊ ရုပ်ရှင်၊ ဂီတ မျှဝေဆွေးနွေးသော ရေပန်းစားကွန်ရက် Douban ကွန်ရက်တွင် နမူနာဇာတ်လမ်းကြည့်ပြီးနောက် ပရိသတ် တစ်သောင်း ကျော်သည် “ကြည့်သင့်သည့်ရုပ်ရှင်”အဖြစ် မှတ်ချက်ပြုတုံ့ပြန်ခဲ့သည်။ “ဒီရုပ်ရှင်က တော်တော် ကောင်းတယ်။ တရုတ်ရဲ့ ရှေးခေတ်ပုံစံအလှတရားကို ဖော်ပြနေတယ်။ အရမ်းကြည့်ချင်ပြီ”ဟု ပရိသတ် အချို့က ပြောကြားသည်။

(သတင်း၊ Yunnan Gateway, ပုံ၊ online photos)