မန္တလေးမြို့တွင်ကျင်းပသည့် တရုတ်-မြန်မာယဉ်ကျေးမှုသီတင်းပတ်၏ ပြောင်မြောက်သည့် လှုပ်ရှားမှု များမှသည် တရုတ်-မြန်မာချစ်ကြည်ရေးကိုတိုးမြင့်စေမည်

2019-01-17 18:20:32 |သတင်းအရင်းအမြစ် 云桥网

ဇန်နဝါရီလ(၁၆)ရက်နေ့တွင် “တရုတ်မွေးချင်းများရွာ အလွမ်းပြေစာကြည့်တိုက်” မန္တလေးမြို့မှာ ဖွင့်လှစ်ခြင်း၊ ရှင်းကျီးတရုတ်စာအုပ်ဆိုင်မှ တရုတ်ပင်မခေါင်းစဉ်ဖြင့်နှစ်သစ်ကူးစာအုပ်အရောင်းပြပွဲ၊ တရုတ်အစားအစာယဉ်ကျေးမှုခံစားသည့်လှုပ်ရှားမှုနှင့် တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်တင်ဆက်ခြင်း စသည့်လှုပ်ရှားမှုအစီအစဉ်များစွာကို ကျင်းပခဲ့ကြရာ ဒေသအတွင်း “တရုတ်စတိုင်လ်” ပြန့်နှံ့သွား ပါတော့သည်။

၂ဝ၁၈ ခုနှစ် ဇွန်လတွင် (၁၆)ကြိမ်မြောက် တရုတ်ကုန်သည်များပွဲတော်ကျင်းပစဉ်ကာလအတွင်း မန္တလေးမြို့ယူနန်ဘုံကျောင်းနှင့် ယူနန်ပြည်နယ်ပြည်သူ့ပုံနှိပ်ထုတ်ဝေရေးဌာနအကြား “တရုတ် မွေးချင်းများရွာ အလွမ်းပြေစာကြည့်တိုက်”ထူထောင်ရန် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ကြပါ သည်။ အဆိုပါစာကြည့်တိုက်တွင် စာအုပ်အမျိုးအစားတစ်ထောင်ကျော်ရှိပြီး “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” တည်ဆောက်ရေး နှင့်“တံခါးဖွင့်ပြုပြင်ပြောင်းလဲခြင်းနှစ်(၄ဝ)ပြည့် အထိမ်းအမှတ်”၊ “တရုတ်ရိုးရာယဉ်ကျေးမှု”၊ “တရုတ် ထူးချွန်လူငယ်များဖတ်မှတ်စရာ”စသည့် ပြခန်းများကို ဖွင့်လှစ်နေသည်။ ထို့ပြင် တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေးလှုပ်ရှားမှုများကိုလည်း အချိန်သီးသန့်သတ်မှတ်ထားခြင်းမရှိပဲ ကျင်းပရန် လျာထားခဲ့ကြသည်။ ထို့အတူ ၂ဝ၂ဝ ခုနှစ်မတိုင်မီ ယူနန်ပြည်နယ်ပြည်သူ့ပုံနှိပ်ထုတ်ဝေရေးဌာနသည် ထိုင်း၊ လာအို၊ မြန်မာနှင့်မလေးရှားစသည့် အရှေ့တောင်အာရှနိုင်ငံများတွင် “တရုတ်မွေးချင်းများရွာ အလွမ်းပြေစာကြည့်တိုက်”(၁၅)ခု တည်ထောင်ကြမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ပင်မခေါင်းစဉ်ဖြင့်နှစ်သစ်ကူးစာအုပ်အရောင်းပြပွဲတွင် မြန်မာစာဖြင့်ထုတ်ဝေသော《ရှီကျင့်ဖျင်၏ နိုင်ငံအုပ်ချုပ်ရေးအတွေး အခေါ်》နှင့်《ဆင်းရဲနွမ်းပါးမှုမှလွတ်မြောက်ခြင်း》စသည့်စာအုပ်များကို အဓိကထားပြသဖြန့်ချိသွားသည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သမိုင်းစသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် တရုတ်နိုင်ငံ၏ထူးခြားသောစာအုပ်များကို ပြသသွားမည်ဖြစ်သည်။ အဆိုပါပြပွဲသည် မြန်မာနိုင်ငံလူမှုရေးအသိုင်းအဝိုင်းတွင် တရုတ်နိုင်ငံကို သိရှိနားလည်နိုင်မည့် ပြတင်းပေါက်တစ်ခုဖွင့်လှစ်ပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ တရုတ်အစားအစာယဉ်ကျေးမှုကို ခံစားသည့် လှုပ်ရှားမှုနှင့် တရုတ်-မြန်မာယဉ်ကျေးမှု ဖလှယ်ရေးတင်ဆက်ပွဲများတွင် အမျိုးစုံလင်လှသောထူးခြား သည့် အစားအစာများကို ပြသထားကြရာ ပရိသတ်များ၏ကောင်းချီးသြဘာပေးခြင်းခံခဲ့ရပါသည်။ ပွဲခင်းတွင် ဓာတ်ပုံပြပွဲနှင့် သက်ဆိုင်ရာထုတ်ဝေသည့်စာအုပ်စာပေများကို ပြသထားရာ လေ့လာသူများ အား ယခုနှစ်ပိုင်း တရုတ်-မြန်မာနှစ်နိုင်ငံ၏စိုက်ပျိုးရေး၊ မွေးမြူရေး၊ သိပ္ပံနည်းပညာ၊ စီးပွားကုန်သွယ်ရေး စသည့်ကဏ္ဍများတွင် ရရှိထားသည့် ပူးပေါင်းဆောင်ရွက်မှုအောင်မြင်ခြင်းအသီးအပွင့်များကို ပြသသွား ပါသည်။

ယူနန်တယ်ဟုန်ရွှေဥဒေါင်းအနုပညာအဖွဲ့၊ မန္တလေးအနုပညာအဖွဲ့နှင့် ဒေသခံတရုတ်မွေးချင်းများက “ပေါက်ဖော်သံယောဇဉ်” အကပဒေသာကပွဲကို ပူးပေါင်းတင်ဆက်သွားကြပါသည်။ ထိုကပွဲတွင် “တစ်မြစ်ထဲရေအတူသောက်”၊ “အပြန်အလှန်သံယောဇဉ်”၊ “အနာဂတ်ပိုမိုသာယာမည်”ဟူသော ကဏ္ဍ(၃)ခုဖြင့် တင်ဆက်ပါသည်။ တရုတ်နှင့် မြန်မာနှစ်နိုင်ငံအဆိုအကများဖြင့် တင်ဆက်ကပြ သွားကြရာ ပရိသတ်များ၏ ကောင်းချီးသြဘာသံများဖြင့် ယဉ်ကျေးမှုဖလှယ်ရေးလှုပ်ရှားမှုအား ဇာတ်ရှိန် အမြင့်ဆုံးသို့ ပို့ဆောင်လိုက်ပါတော့သည်။(Yunnan Gateway)

ပုံ၊ Lai Yong