တရုတ်တီဗီဇာတ်လမ်းအစီအစဉ် မြန်မာပြည်သူပြည်သားများအတွက် ထုတ်လွှင့်မည်

2019-01-18 18:42:17 |သတင်းအရင်းအမြစ် 云桥网

တရုတ်တီဗီဇာတ်လမ်းအစီအစဉ် လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီလ(၁၇)ရက်နေ့က မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါတီဗီဇာတ်လမ်းအား တရုတ်နှင့်မြန်မာနှစ်ဦးနှစ်ဖက်မှ ကောင်းမွန်သေချာစွာ စိစစ်ရွေးချယ် ပြီးနောက် မြန်မာဘာသာစကားသို့ ဘာသာပြန်ထားဖြစ်ပြီး ယခုခေတ်မြို့ပြကို နောက်ခံအဖြစ် ရိုက်ထား သည့် တီဗွီဇာတ်လမ်း 《မင်းက ကျွန်တော်ရဲ့မျက်စိ》သည် ပထမအသုတ်အနေဖြင့် ပြသခွင့် ရရှိသော တရုတ်ဇာတ်လမ်းဖြစ်သည်။ ယခုခေတ်၏မြို့ပြအကြောင်းကို နောက်ခံရိုက်ကူးထားသည့်ဇာတ်လမ်းကို ရွေးချယ်ရသည့် ရည်ရွယ်ချက်သည် တရုတ်အရည်အသွေးကောင်းမွန်သောဇာတ်လမ်းမှတစ်ဆင့် မြန်မာပြည်သူပြည်သားများသည် တရုတ်လူနေမှုအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုကို သိရှိနားလည်နိုင်ရန် ဖြစ်ပြီး တရုတ်နှင့် အပြန်အလှန်သဘောပေါက်နားလည်စေလိုခြင်း ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

(Yunnan Gateway)