"တရုတ်-မြန်မာသံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်" --၂၀၁၉ ခုနှစ် တရုတ်-မြန်မာနွေဦးနှစ်သစ်ကူးအနုပညာပဒေသာဖျော်ဖြေပွဲရန်ကုန်မြို့တွင် ကျင်းပ

2019-01-21 17:13:32 |သတင်းအရင်းအမြစ် 云桥网

"တရုတ်-မြန်မာသံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်" ဟူသောခေါင်းစဉ်ဖြင့် ၂၀၁၉ ခုနှစ် တရုတ်- မြန်မာနွေဦးနှစ်သစ်ကူးအနုပညာပဒေသာဖျော်ဖြေပွဲကို ဇန်နဝါရီလ(၁၉)ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဖျော်ဖြေပွဲသည် မြန်မာအခြေစိုက်တရုတ်သံရုံး၊ တရုတ်နိုင်ငံယူနန် ပြည်သူ့ အစိုးရ၊ မြန်မာပြန်ကြားရေးဝန်ကြီးဌာနနှင့်မြန်မာသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးတွဲကျင်းပခြင်းဖြစ်သည်။

အဆိုပါ တရုတ်ရိုးရာနွေဦးနှစ်သစ်ကူးအနုပညာပဒေသာဖျော်ဖြေပွဲသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်ကျင်းပသည့် ဖျော်ဖြေပွဲဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြားတည်တံ့ရှည်ကြာသော နက်ရှိုင်း သည့်ချစ်ကြည်ရေးကို အခြေခံပြုပြီး နှစ်နိုင်ငံပြည်သူပြည်သားများ ပိုမိုချစ်ခင်ရင်းနှီးစေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ပါသည်။

“မနောပွဲ”၊ “လမင်းကြီးပေါ်ထွက်လာခြင်း”၊“သာယာလှပတဲ့နေရာတစ်ခု”၊“စင်ရော်”၊ “မြန်မာ့ပုံရိပ်”၊ “အပျိုတော်ယိမ်း”စသည့်အဆိုအကတင်ဆက်မှုများသည် ပရိသတ်များအား ဆွဲဆောင်နိုင်ခဲ့ပြီး သြဘာသံကို အဆက်မပြတ် ထွက်ပေါ်လာသည်။ အဆိုပါဖျော်ဖြေပွဲသို့ မြန်မာ့ ဝန်ကြီးချုပ်ဟောင်းဦးနုနှင့်တရုတ်ဝန်ကြီးချုပ်ဟောင်း ချိုအင်လိုင်း၏မျိုးဆက် ဆွေမျိုးရင်းခြားများလည်း တက်ရောက်ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရိုးသားဖြူစင်စွာ ဆုမွန်ကောင်းတောင်းခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။ မွေးရာပါနှလုံးရောဂါစွဲကပ်သည့်မြန်မာကလေးသူငယ်များ ယူနန်သို့ သွားရောက် ကာ အခမဲ့ဆေးကုသအောင်မြင်ခဲ့သည့် မှတ်တမ်းများကိုလည်း ဖျော်ဖြေပွဲတွင် ပရိသတ်နှင့် မျှဝေခဲ့ရာ ပရိသတ်များစွာမျက်ရည်ကျသည်ထိပီတိဖြစ်ခဲ့ကြသည်ကို တွေ့ရသည်။

“တစ်ရေထဲသောက်၊ သံယောဇဉ်တည်တံ့”၊“ကျွန်တော်တို့လက်တွဲကာ ပိုးလမ်းမသစ်ကို အတူတည်ဆောက်”။ နှစ်နိုင်ငံအနုပညာရှင်များသည် ရင်သပ်ရှုမောဖွယ် အဆိုအကများကို တင်ဆက် ပေးပြီး အနုပညာဖလှယ်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူပြည်သားများစိတ်နှလုံးချင်း ပိုမိုနီးစပ်လာစေသည်။

“‘အကင်းပါးသောဥဒေါင်း’အကက ကျွန်မအကြိုက်ဆုံးတင်ဆက်မှုပါ။ ဒါက ကျွန်မတို့ရဲ့ အိမ်နီးချင်း ယူနန်မှ ပေးပို့တဲ့လက်ဆောင်ကောင်းဖြစ်တယ်”ဟု မြန်မာ့ကုန်သည် ယဉ်ယဉ်ဝင်းက ပြောကြားခဲ့သည်။ သူမသည် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မှုများစွာရှိသောကြောင့် နှစ်စဉ်နှစ်တိုင်းတရုတ်သို့ အကြိမ် ပေါင်းများစွာရောက်ရှိသည်။“ဒီဖျော်ဖြေပွဲက မြန်မာပြည်သူပြည်သားတွေ တရုတ်နဲ့ ယူနန်ကို ပိုမိုသိရှိ စေနိုင်တယ်။ မြန်မာနဲ့တရုတ်ရဲ့ဖလှယ်ရေးကို တစ်ဆင့်တိုးမြင့်နေတာကိုလည်းဖော်ပြနေတယ်”ဟု သူမ ဆက်လက်ပြောကြားခဲ့သည်။

(Yunnan Gateway)