တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကြောင့် တရုတ်ဘာသာသင်ယူသူများပြားလာ

2019-01-24 18:17:30 |သတင်းအရင်းအမြစ် CIR 缅文频道

တရုတ်နိုင်ငံစီးပွားရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် Belt & Road ကမ်းလှမ်းချက် ပိုမိုပျံ့နှံ့လာခြင်းနှင့်အမျှ တရုတ်နှင့် ကမ္ဘာကြီး တစ်နေ့ထက်တစ်နေ့ နီးကပ်လာပြီး ပိုမိုများပြားသော နိုင်ငံများတွင် တရုတ်ဘာသာသင်ယူမှု အထူးများပြားလာပါသည်။မြန်မာနိုင်ငံအနောက်ပိုင်း ပုသိမ်မြို့ရှိ အသက် ၂၈ နှစ် အရွယ်ရှိ တရုတ်ဘာသာစေတနာ့ဆရာ ကိုကျွင့်ယိနှင့် အသက် ၇၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံရှိတရုတ်အနွယ်ဖွား ကျောင်းအုပ်ကြီး စူဖူရွှင့်တို့က တရုတ်နိုင်ငံ လျင်မြန်စွာ ဖွံ့ဖြိုးလာခြင်းကြောင့် ပိုမိုများပြားသော လူများ တရုတ်ဘာသာကို သင်ယူလိုကြောင်း ပြောကြားသည်။