ပေါင်စန်၏ နှစ်သစ်ကူးလက်ဆောင်သည် ကြည့်လို့ ရွှန်းလဲ့တင့်ဆန်း၊ စားလို့ အရသာကောင်းလှသည်။

2019-02-03 14:47:33 |သတင်းအရင်းအမြစ် 新华网

တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ရောက်လာသည်နှင့်အမျှ နှစ်သစ်ကူးအနှစ်အရသာနှင့် ပြည့်လျှံလျက်ရှိနေပါသည်။ ပေါက်ပေါက်လုံး စားသည့်ဓလေ့မှာ ပေါင်စန်နယ်သားနယ်သူများ၏ နှစ်သစ်ကူးထူးခြားချက် ဖြစ်သည်။ ယခုရက်ပိုင်း အရွယ်ကြီးငယ်၊ ရောင်စုံရွှန်းလဲ့တင့်ဆန်းသော ပေါက်ပေါက်လုံးများစွာကို ပေါင်စန်မြို့ လုံးရန်မြို့နယ် ဘန်ချောင်မြို့နယ်ရှိ လမ်းဘေးတလျှောက်တွင် ရောင်းချလျက်ရှိနေပါသည်။

ပေါက်ပေါက်သည် ကောက်ညှင်းဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ကောက်ညှင်းကို ချက်ပြုတ်ခြင်း၊ နေပူလှန်းခြင်း၊ ဆီကြော်ခြင်း စသည့်အစီအစဉ်တကျ ပြုလုပ်ခြင်းဖြင့် ကောက်ညှင်းအစေ့ ပူနွေးလာသည်နှင့်အမျှ ပေါက်သံထွက်လာကာ ပေါက်ပေါက်စေ့ ဖြစ်လာပါသည်။ “တာ့ရှီပေါက်ပေါက်လုံး”သည် ပေါက်ပေါက်လုံးများအနက် အကောင်းဆုံးဖြစ်သည်။ ဤပေါက်ပေါက်လုံးသည် အသေးစိတ်ပြုလုပ်ရသည်။ ပန်းပုပညာနှင့်ပန်းချီပညာကို သိကျွမ်းဖို့ လိုအပ်ပါသည်။ ပေါက်ပေါက်လုံး၏ အပေါ်ယံ ပန်းပြောက်များ အထူးအရေးကြီးပါသည်။ အလုံးပုံစံကို ပြုလုပ်ပြီးနောက် ရောင်စုံပေါက်ပေါက်များဖြင့် ပုံစံအမျိုးမျိုးကို ပြုလုပ်နိုင်ပါသည်။

ပေါက်ပေါက်လုံးသည် ထူးခြားသောမုန့်တစ်မျိုးဖြစ်သည့်အပြင် ဖျော်ဖြေရေး အနုပညာပစ္စည်းတစ်မျိုးလည်း ဖြစ်ပါသည်။ ပေါင်စန်ဒေသခံပြည်သူများသည် ပေါက်ပေါက်လုံး၏အ၀ိုင်းပုံသဏ္ဌာန်နှင့် ရွှန်းလဲ့တင့်ဆန်းသောအရောင်တို့အားဖြင့် သိုက်သိုက်ဝန်းဝန်းနေနိုင်ပါစေ၊ မင်္ဂလာကျက်သရေရှိပါစေ ဟူသော ကောင်းမွန်သောနိမိတ်ကို ဆောင်ကြဉ်းပေးနေပါသည်။ အဆိုပါပေါက်ပေါက်လုံးအား ဆွေမျိုးများကို လက်ဆောင်အဖြစ် ပေးအပ်လေ့ရှိပါသည်။

သတင်းထောက်--Shao Weicen၊ Wang Mingting)