၂၀၁၉ ခုနှစ် တရုတ်နှစ်သစ်နွေဦးပွဲတော်အလုပ်ပိတ်ရက်ကာလအတွင်း တရုတ် တစ်ပြည်လုံးတွင် ခရီးသည်ဦးရေစုစုပေါင်း (၄၁၅)သန်း ကြိုဆိုခဲ့

2019-02-11 18:12:45 |သတင်းအရင်းအမြစ် 新华网

ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ သတင်း အရ တရုတ်တစ်ပြည်လုံးသည် ၂၀၁၉ ခုနှစ် တရုတ်နှစ်သစ်နွေဦးပွဲတော်အလုပ်ပိတ်ရက် ကာလအတွင်း ခရီးသည်ဦးရေစုစုပေါင်း(၄၁၅)သန်း ကြိုဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် အချိန်ကာလ တူထက် (၇.၆%)တိုးတက်လာခဲ့သည်။ တချိန်တည်းတွင်း ခရီးသွားလာရေးဝင်ငွေသည် (၅၁၃.၉)ဘီလီယံကို ရောက်ရှိပြီး ၂၀၁၈ ခုနှစ် အချိန်ကာလတူထက် (၈.၂%)တိုးများလာ သည်။

ဖေဖော်ဝါရီလ(၉)ရက်နေ့က ဟော်ပေပြည်နယ်ချင့်သင့်မြို့ဟောင်းတွင် တောက်ပ ရွှန်းတင့်သော အီလက်ထရွန်နစ်မီးရူးမီးပန်းများသည် လူများ၏မျက်စိအမြင်အာရုံကို ဖမ်းစားနေသည်။

ဖေဖော်ဝါရီလ(၈)ရက်နေ့က ခရီးသည်များသည် နန်ကျင်းမြို့ ကွန်ဖြူးရှပ်အထိမ်းအမှတ် ဘုံကျောင်းအတွင်း လေ့လာနေစဉ်။

ဖေဖော်ဝါရီလ(၉)ရက်နေ့က ခရီးသည်များသည် စန်းတုံးပြည်နယ်မွန်စန်းတောင် ထျိန်းမွန်ရှုခင်းသာအတွင်း လည်ပတ်နေစဉ်။

ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ခရီးသည်များသည် ဟန်ကျိုးမြို့ ရှိဟိုရေကန်ကြီးရှုခင်းသာ တွင် မိုးရွာရှုခင်းရှုစားနေစဉ်။

ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ခရီးသည်များသည် စန်းရှီဖိန်ယောင်မြို့ဟောင်းတွင် လည်ပတ်နေစဉ်။

ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ဝူရှူးသိုင်းပညာတတ်ကျွမ်းသော ကိုရင်လေးတို့သည် ဝူရှူးသိုင်းပညာပြသနေစဉ်။

ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ခရီးသည်များသည် ကူမင်းထျိန်ချီရေကန်ကြီးကမ်းဘေးတွင် စင်ရော်အစာကျွေးနေစဉ်။

ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ခရီးသည်များသည် ကမ်းစုပြည်နယ်ချီဖုန်းတိဗက်ကျေးရွာ အုပ်စုရှိချင်းခဲရွာတွင် လည်ပတ်နေစဉ်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.