တရုတ်နှစ်သစ်နွေဦးပွဲ ကိန်းဂဏန်းမှတ်တမ်း

2019-02-12 18:47:02 |သတင်းအရင်းအမြစ် 中国新闻网

(၁၀၀၅)ဘီလီယံ -- လက်လီရောင်းချရေးနှင့် စားသောက်ဖွယ်ရာလုပ်ငန်းများ စုစုပေါင်းဝင်ငွေ ပထမဦးဆုံးအကြိမ် ဘီလီယံ(၁၀၀၀)အထက်သို့ရောက်ရှိ

ယခုနှစ်တရုတ်နှစ်သစ်နွေဦးပွဲတွင် ဒေသအသီးသီး၏ စားသောက်ဆိုင်များတွင် အကြိုနေ့ညထမင်း လက်ဆုံစားပွဲမှာယူခြင်းသည် အတော်စည်ကားခဲ့သည်။ တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကိန်ဂဏန်းစာရင်းအရ၊ ထျိန်းကျင်းမြို့ လူကြိုက်များသည့်စားသောက်ဆိုင်(၃၆)ဆိုင်သည် တရုတ်နှစ်သစ်ကူးအကြိုနေ့ညထမင်းလက်ဆုံစားပွဲမှာယူခြင်းသည် စုစုပေါင်း(၁၂၀၀၀)ရှိပြီး ၂၀၁၈ ခုနှစ်အချိန်ကာလတူထက် (၅.၃%)တိုးများလာခဲ့သည်။ ပေကျင်းမြို့ စားသောက်ဆိုင်မှ ရောင်းချခြင်းပမာဏလည်း လွန်ခဲ့သောနှစ်အချိန်ကာလတူထက် (၁၀%)တိုးများလာခဲ့သည်။

(၅၁၃.၉)ဘီလီယံ -- မြောက်ဖက်ဆုလာဘ်ဆီးနှင်း၊ ပူနွေးသောတောင်ဖက်ပျော်မွေ့

တရုတ်နှစ်သစ်နွေဦးပွဲတွင် လူသားအချို့သည် မိဘနှင့်အတူ အိမ်တွင်နေထိုင်ပြီး အချို့ကမူ ခရီးထွက်ကြသည်။

တရုတ်ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ကိန်းဂဏန်းစာရင်းအရ ၂၀၁၉ ခုနှစ် တရုတ် နှစ်သစ်နွေဦးပွဲအလုပ်ပိတ်ရက်ကာလတွင် တစ်ပြည်လုံးအတွင်း ခရီးသွားဦးရေ စုစုပေါင်း (၄၁၅)သန်း ရောက်ရှိပြီး ၂၀၁၈ ခုနှစ် အချိန်ကာလတူထက် (၇.၆%)တိုးများလာသည်။ ခရီးသွားလာရေးဝင်ငွေ သည် (၅၁၃.၉)ဘီလီယံသို့ ရောက်ရှိပြီး ၂၀၁၈ ခုနှစ်အချိန်ကာလတူထက် (၈.၂%)တိုးများလာသည်။

တရုတ်မြောက်ပိုင်းဒေသသို့ ဆီးနှင်းရှုခင်း သွားရောက်ရှုစားခြင်းနှင့် တောင်ပိုင်းဒေသသို့ နွေဦးရာသီရှုခင်း သွားရောက်ရှုစားခြင်းသည် ခရီးသွားများအကြား အတော်ရေပန်းစားခဲ့သည်။

China UnionPay မှ ထုတ်ပြန်သောအချက်အလက်အရ ယခုနှစ်တရုတ်နွေဦးနှစ်သစ်ပွဲတွင် ဟိုတယ်၊ ပို့ဆောင်ရေးနှင့် ရှုခင်းသာနေရာ စသည့်ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းများ၏ ဝင်ငွေသည် ၂၀၁၈ ခုနှစ်အချိန်ကာလတူထက် (၉၀%) တိုးများလာသည်။

ထို့ပြင် ပြည်ပသို့ခရီးထွက်ခြင်းသည်လည်း ရေပန်းစားလာပြီး ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် လမ်းတစ်လျှောက်ရှိနိုင်ငံများကို လူကြိုက်များပြားလာသည်။

(၅.၈၄)ဘီလီယံ -- “The Wandering Earth”ဦးဆောင်သော ရုပ်ရှင်များအား လူကြိုက်များပြား

ယခုနှစ်နှစ်သစ်နွေဦးပွဲတွင် ရုပ်ရှင်(၁၀)ကားကို ရုံတင်ပြသခဲ့ပြီး တပြည်လုံးရှိရုပ်ရှင်ရုံမှ လက်မှတ်ရောင်းရငွေ (၅.၈၄)ဘီလီယံရှိကာ ၂၀၁၈ ခုနှစ်အချိန်ကာလတူထက် (၁.၂%) တိုးများ လာသည်။ “The Wandering Earth” “Home” စသည့် တရုတ်ရိုက်ကူးထားသည့် ရုပ်ရှင်ကားကို လူကြိုက်များပြီး ချီးကျူးမှုများစွာခံခဲ့ရပါသည်။

လူဦးရေ(၅)သိန်း -- ကူကုံးရှေးဟောင်းနန်းတော်ပြတိုက်သို့ နွေဦးပွဲထောပနာပြု

အမြင့်တွင် ချိတ်ဆွဲထားသည့်မီးအိမ်များ၊ စည်ကားသောအဆိုအကများကို ရှုစားရင်း စားကောင်းသောက်ဖွယ်မြည်းကြည့်ခြင်းသည် တရုတ်လူမျိုးတို့၏ ဘုရားပွဲလည်ပတ်သည့်ပုံရိပ် ဖြစ်သည်။ ယခုနှစ် တရုတ်နှစ်သစ်နွေဦးပွဲတွင် ဒေသအသီးသီး၏ဘုရားပွဲသည် လွန်ခဲ့သောနှစ်ကာလ ကကဲ့သို့ပင် စည်ကားနေပါသည်။ ခရီးသည်များကို ဆွဲဆောင်ရန် ဒေသများစွာသည်လည်း ဘုရားပွဲ အစီအစဉ်သစ်များကို ဖန်တီးကြသည်။ ဥပမာ ကုကုံးရှေးဟောင်းနန်းတော်ပြတိုက်တွင် မန်ချူး မင်းဆက်ခေတ် နှစ်သစ်နွေဦးပွဲထောပနာပြုအစီအစဉ်ကို ပရိသတ်များကိုယ်တိုင်ခံစားနိုင်ရန် ထိုခေတ်ဓလေ့အတိုင်း ပြင်ဆင်ထားပြီး ခရီးသည် (၅)သိန်းကို ဧည့်ခံကြိုဆိုခဲ့သည်။

သတင်းအရင်းအမြစ်၊ တရုတ်သတင်းကွန်ယက်။

ဘာသာပြန်၊ Yunnan Gateway.