ယူနန်တိုင်းရင်းသားကျေးရွာတွင် မနောပွဲ ကျင်းပမည်

2019-02-15 17:32:41 |သတင်းအရင်းအမြစ် 云桥网

“မနောပွဲ ဝမ်းမြောက်ပျော်ရွှင် စည်ပင်သာယာသည့်ခေတ်ကောင်း”ဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ် တရုတ်ယူနန်ဂျင်းဖောလူမျိုး မနောပွဲကို ဖေဖော်ဝါရီ (၂၂ ) မှ (၂၅ ) ရက်နေ့ထိ ယူနန်တိုင်းရင်းသား လူမျိုးစုကျေးရွာတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

မနောပွဲအစီအစဉ်ကျင်းပရာတွင် ဂျင်းဖောအမျိုးသမီးနှင့် အမျိုးသားများသည် ဂျင်းဖော ရွာတံခါးဝတွင် ခရီးသည်များအတွက် အရက်ဖြင့် ဆုတောင်းမေတ္တာပို့ကြပါမည်။ (၂၂)ရက်နေ့တွင် ရိုးရာပူဇော်ပွဲကို အဓိကအစီအစဉ်အဖြစ် ကျင်းပမည်ဖြစ်ပြီး (၂၃)ရက်နေ့နံနက်ပိုင်းတွင် မနောအကဦးဆောင်သူအတွက် ငှက်မွှေးပါခေါင်းဆောင်း ချီးမြှင့်ခြင်းအခမ်းအနားကျင်းပကာ မနောပွဲစတင်မည်ဖြစ်သည်။

ထို့ပြင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူမှ ရက်လုပ်သည့် ဂျင်းဖောရက်ကန်းထည်လည်း ပြသ ရောင်းချပါမည်။ ခရီးသည်များသည် ကြိုက်နှစ်သက်သောလက်မှုအနုပညာပစ္စည်းကို ရွေးချယ်ဝယ်ယူ ခြင်းအပြင် အရသာကောင်းမွန်သော ဂျင်းဖောအရွက်စိမ်းခင်းဧည့်ခံထမင်းစားပွဲတွင်လည်း ပါဝင် မြည်းစမ်းနိုင်မည်ဖြစ်သည်။

(Yunnan Gateway)