Forbidden City အား ပထမဆုံးအကြိမ် ညဘက်ခရီးသွားရောက်လေ့လာရန်အတွက် ဖွင့်လှစ်

2019-02-18 18:41:13 |သတင်းအရင်းအမြစ် 新华网

ယခုနှစ်၏ မီးအိမ်ပွဲတော်အတွက် နန်းတော်ပြတိုက် (Palace Museum) သို့မဟုတ် Forbidden City အား ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်များတွင်ပါ ညနေပိုင်းအထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြတိုက်မှူးက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ထိုအချိန်အတွင်း လူသိများသော ရှေးဟောင်းတရုတ်ပန်းချီလက်ရာများအား ပြတိုက်နံရံများပေါ်တွင် ပြသထားမည်ဖြစ်ကြောင်း ပြတိုက်မှူး Shan Jixiang က ပြောကြားခဲ့သည်။

နန်းတော်ပြတိုက်တွင် တော်ဝင်မှန်မီးအိမ်ကြီးများဖြင့် အလှဆင်ထားပြီး လာရောက်ကြည့်ရှုသူများအား နှစ်ပေါင်း ၂၀၀ အကြာက တော်ဝင်တရားရုံးတွင် နှစ်သစ်ကြိုဆိုမှုအား ခံစားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဓာတ်တော်မွေတော် ၈၈၅ ခုရှိသော နန်းတော်ပြတိုက်တွင် အကြီးဆုံးဖြစ်သော နှစ်သစ်ကူးပြပွဲအား ဧပြီလ ၇ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)