မနောပွဲ ယူနန်ပြည်နယ်မန်စီမြို့တွင် ကျင်းပ

2019-02-20 18:18:28 |သတင်းအရင်းအမြစ် 云桥网

၂၀၁၉ ခုနှစ် မန်စီဂျင်းဖောတိုင်းရင်းသား မနောပွဲဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၉)ရက်နေ့က ယူနန်ပြည်နယ်တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပကြောင်း သိရပါသည်။

တယ်ဟုန်ပြည်နယ်ခွဲ ဒေသအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့များသည် ဝတ်ကောင်းစားလှများဝတ်ဆင်ပြီး မနောပွဲတွင် ပါဝင်ဆင်နွှဲကာ ပြည်တွင်းပြည်ပမှ ခရီးသည်များနှင့်အတူ ကခုန်ကြသည်။


သတင်းအရ ယခုနှစ် မနောပွဲအား ဖေဖော်ဝါရီလ(၂၂)ရက်နေ့ထိတိုင် ကျင်းပမည်ဖြစ်သည်။ (Yunnan Gateway)