လန်ချမ်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးနှင့် စီမံအုပ်ချုပ်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁၉)မှ (၂၁)ရက်နေ့ထိ မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပကြောင်း သတင်းအရ သိရပါသည်။ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် စသည့်(၆)နိုင်ငံမှ ပညာရှင်ပါရဂူများ စုဆည်းပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အတွေ့အကြုံနှင့် စီမံအုပ်ချုပ်ရေးနည်းလမ်းများကို အပြန်အလှန် ဖလှယ်ညှိနှိုင်းကြသည်။ေ
ပါကြွယ်သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများသည် လန်ချမ်း-မဲခေါင်မြစ်ဝှမ်း တစ်လျှောက်နိုင်ငံများအတွက် အဖိုးမဖြတ်နိုင်သောဥစ္စာဓနဖြစ်ကြောင်း၊ နိုင်ငံတိုင်း၏ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များသည် မတူခြားနားသော လူသားများယဉ်ကျေးမှု၏ ပေါကြွယ်ခြင်းအတွက် အကျိုးများစွာ ဆောင်ကျဉ်းပေးခဲ့ကြောင်း၊ ယခုအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် စီမံအုပ်ချုပ်ခြင်း၏ အရေးကြီးမှုကို အလေးထား ဆွေးနွေးမည်ဖြစ်ကြောင်း၊ လန်ချမ်း-မဲခေါင်ဖြစ်သော အိမ်ထောင်ကြီး၏ မျိုးဆက်သစ် သားသမီးမြေး မြစ်များအတွက် အဖိုးအနဂ္ဃထိုက်တန်လှသော ယဉ်ကျေးမှု အမွေအနှစ်ကို လက်ဆင့်ကမ်းပေးခြင်း ဖြစ်ကြောင်း”စသဖြင့် မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ဖွင့်ပွဲအခမ်းအနားတွင် ယခုလို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအခြေစိုက်တရုတ်သံအမတ်ကြီး ဟုန်လျှန့်ပြောကြားသည်မှာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲက လန်ချမ်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု သီးသန့်ထောက်ပံ့ငွေကို အမှီပြုပြီး ဆောင်ရွက်သော အရေးကြီး ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်း၊ (၆)နိုင်ငံမှ ပညာရှင်များအတွက် ဖလှယ်ခြင်း ဖောင်ဒေးရှင်းကို ထူထောင်ပြီး အပြန်အလှန် အတွေ့အကြုံမျှဝေကာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ စီမံအုပ်ချုပ်ရေး အရည်အချင်းကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း၊ လန်ချမ်း-မဲခေါင်မြစ်ဝှမ်း တစ်လျှောက်နိုင်ငံများက ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ခြင်းသည် ယဉ်ကျေးမှုကို ဆက်ခံခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများအကြား ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေကြောင်း စသဖြင့် ပြောကြားခဲ့သည်။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ကာကွယ်ထိန်းသိမ်းရေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ် နှင့်မြန်မာ နှစ်နိုင်ငံက “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အတူတည်ဆောက်ရေးတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယခုအချိန်တွင် တရုတ် နိုင်ငံသည်လည်း ပုဂံစေတီများ ပြန်လည်ပြုပြင်မွမ်းမံပေးခြင်း၊ မြန်မာမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် မှတ်တမ်းတင်ရန် လျှောက်ထားရာတွင် စူးစမ်းရှာဖွေခြင်းနှင့် စီမံပေးခြင်းဆိုင်ရာအလုပ်များအတွက် အားသွန်ခွန်စိုက် ကူညီပေးနေသည်။ တချိန်တည်းတွင် မြောက်ဦးမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် မှတ်တမ်းတင်ရန် လျှောက်ထားခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဖွင့်လှစ်ခြင်း စသည်ဖက်များတွင် လည်း တက်ကြွစွာ ပါဝင်နေသည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်။ Yunnan Gateway.