လန်ချမ်း-မဲခေါင် ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဖက် အတူလက်တွဲတည်ထောင်

2019-02-22 18:18:13 |သတင်းအရင်းအမြစ် 云桥网

မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံများ ခရီးသွားလာရေး ရေရှည်ဖွံ့ဖြိုးရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁၉)မှ (၂၁)ရက်နေ့ထိ လာအိုနိုင်ငံ Pakse မြို့တွင် ကျင်းပကြောင်း သိရသည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲသည် ကမ္ဘာ့ခရီးသွားလာရေးအသင်း၊ လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ် Chimelong Group Co. Ltd တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံယူနန်ပြည်နယ် ခရီးသွားလာရေးစီမံခန့်ခွဲမှု သုတေသနအကယ်ဒမီနှင့် တရုတ်ခရီးသွားလာ ရေး သုတေသနအကယ်ဒမီ ကူမင်းရုံးခွဲတို့သည် တရုတ်နိုင်ငံကို ကိုယ်စားပြုပြီး အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။

လန်ချမ်း-မဲခေါင် ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အား အတူတကွလက်တွဲ တည်ထောင်ခြင်းသည် မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံများ ခရီးသွားလာရေး ရေရှည်ဖွံ့ဖြိုးရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများကာကွယ်ထိန်းသိမ်းရေးအတွက် နက်ရှိုင်းစွာ အကျိုးဆောင်ကျဉ်းပေးနိုင်မည် ဖြစ်ကြောင်း အစည်းအဝေးတွင် တရုတ်ဖက်မှ တင်ပြခဲ့သည်။

တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် စသည့်(၅)နိုင်ငံမှ ကိုယ်စားလှယ် (၃၀) ကျော်သည် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး (၃)ရက်တာ ဆွေးနွေးပွဲတွင် “ရေရှည် တည်တံ့သောဖွံ့ဖြိုးရေးနှင့် ခရီးသွားလာရေး”၊ “ဇီဝမျိုးစုံမျိုးကွဲ”၊ “မဲခေါင်မြစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ”၊ “မဲခေါင်မြစ်ခရီးသွားလာရေး”၊ “သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး”နှင့် “ဇီဝမျိုးစုံ မျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရန် ဦးဆောင်သူဖြစ်” ဟူသော ခေါင်းစဉ်(၇)ခုကို အဓိကထား ဆွေးနွေးခဲ့သည်။ ထို့ပြင် ဗီဒီယိုတိုကြည့်ခြင်း၊ လက်တွေ့လေ့လာခြင်း စသည့်အစီအစဉ်လည်း ဆောင်ရွက်ကြသည်။

လန်ချမ်း-မဲခေါင်မြစ်သည် ပြည့်စုံသော ဇီဝစနစ်တစ်ခုဖြစ်ပြီး ဇီဝဗေဒ၏သဘောတရားနှင့် အခြေခံမူ၊ ဥပဒေများနှင့်အညီ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းကို လန်ချမ်း- မဲခေါင် မြစ်ဝှမ်းတစ်ခုလုံးနီးပါး ကီလိုမီတာ(၅၀၀၀)အကွာအဝေးထိ ဆောင်ရွက်သင့်ကြောင်း၊ လန်ချမ်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအကြီးအကဲများအစည်းအဝေးမှ 《စန်းရပ် ကြေညာစာတမ်း》နှင့် 《ဖနွမ်ပင် ကြေညာစာတမ်း》နှင့်အညီ တရုတ်နိုင်ငံသည် မဲခေါင်မြစ်မြစ်ဝှမ်းတစ်လျှောက်ရှိ (၅)နိုင်ငံနှင့် လက်တွဲပြီး လန်ချမ်း-မဲခေါင် ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်တည်ထောင်ခြင်းလုပ်ငန်းအား တွန်းအားပေး ဆောင်ရွက်နေကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ (၃)နှစ်တာအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကျင်းပခဲ့သော “နိုင်ငံဖြတ်ကျော်ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်”တွင် နိုင်ငံအသီးသီးသည် အဆိုပါမိတ်ဖက်တည်ထောင်ခြင်းအတွက် သဘောတူညီချက် ရရှိပါကြောင်း၊ ယူနန်ပြည်နယ်ကူမင်းမြို့တွင် မိတ်ဖက်တည်ထောင်ခြင်း ယာယီရုံးခန်းကို ဖွင့်လှစ်ရန် သဘောတူ ခဲ့ကြောင်း၊ မိတ်ဖက်သည် ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းခြင်းမှာ လန်ချမ်း- မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းတွင် အရေးကြီးသောအစိတ်အပိုင်းဖြစ်စေမည် ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလာရေး ကုန်စည်ပြပွဲကျင်းပရာတွင် ယူနန်သည် ကူမင်းမြို့တွင် အဆိုပါမိတ်ဖက်တည်ထောင်ရန် အလုပ်ရုံစည်းဝေးပွဲကို ကြိုတင်စီစဉ်ထားချင်ကြောင်း စသဖြင့် တရုတ် ကိုယ်စားလှယ်အဖွဲ့မှ အလေးထားပြောကြားခဲ့သည်။

လာအို ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလောရေးဝန်ကြီးဌာန ဒုဝန်ကြီး Ounethouang KHAOPHANH ၊ လာအိုနိုင်ငံ Champasak ပြည်နယ် အုပ်ချုပ်ရေးမှူး Boualinh VONGPHACHANH နှင့် ကမ္ဘာ့ခရီးသွားလာရေးအသင်း အဆင့်မြင့်ပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မန်နေဂျာ Marcel Leijizer တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းစကားပြောကြားခဲ့သည်။

(Yunnan Gateway)