ယခုနှစ် ဇန်န၀ါရီလမှ ဖေဖော်ဝါရီလအထိ ကူမင်းမြို့ တုံနန်ပန်းမန်ဈေးကွက်သည် ကုန်သွယ်ရေးပမာဏ၊ အရောင်းအ၀ယ်ငွေပမာဏ၊ ၀င်ရောက်လည်ပတ်သည့် ခရီးသည်ဦးရေနှင့် ပို့ကုန်ပမာဏ စသည်တို့သည် တရုတ်နိုင်ငံတွင် ပထမနေရာတွင် ရပ်တည်လျက်ရှိပါသည်။
ယခုလက်ရှိကာလတွင် တုံနန်ပန်းမန်ဈေးကွက်တွင် ပန်းမန်လုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း (၂၀၀၀)ကျော်သည် လာရောက်အခြေစိုက်ကာ ခေတ်မီပန်းမန်အထွေထွေလုပ်ငန်းအဖွဲ့အုပ်စု ဖြစ်ပေါ်လာသည့်အတွက် တုံနန် “ပန်းမန်ကမ္ဘာ” ဈေးကွက်သည် ကူမင်းမြို့၏ ခရီးသွားလာရေး၏ သင်္ကေတနေရာအသစ် ဖြစ်လာပါသည်။
သတင်းထောက်--Yang Zheng