လီကျန်းခရီးသွားလာရေး အဆင့်မြှင့်တင်မှု စလျှင်စခြင်း ထမြောက်အောင်မြင်မှုရရှိ

2019-02-26 18:16:06 |သတင်းအရင်းအမြစ် 云南日报

လီကျန်းရှေးဟောင်းမြို့တွင် ခရီးသည်များစွာ စည်ကားလျက်ရှိပြီး အလွန် ရေပန်းစားနေပါသည်။ လန်ယွက်ဂူနှင်းတောင် ယွီဟူရေကန်၏ အလှတရားမှာ ခရီးသည်များအား ဆွဲဆောင်လျက်ရှိပါသည်။ တုံပါမီကျင့်ရှုခင်းဇုန်သည် ကျန်းမာရေးအပန်းဖြေ ခရီးသွားလာရေး အတွေးအခေါ်သစ်ကို ဖော်ဆောင်သော တမူထူးခြားသည့် ခရီးသွားလာရေးမြို့နယ် ဖြစ်လာပါသည်။ ၂၀၁၉ ခုနှစ် နှစ်စက လီကျန်းခရီးသွားလာရေးကို အဆင့်မြှင့်တင်ပြောင်းလဲရာတွင် စလျှင်စခြင်း ထမြောက်အောင်မြင်မှုရရှိ ခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီလက လီကျန်းမြို့သည် ပြည်တွင်းပြည်ပခရီးသည် (၃.၃၅၅၂)သန်းကို ဧည့်ခံကြိုဆိုပြီး ယခင်နှစ်ကအလားတူကာလထက် (၁၆.၄၃%) တိုးမြှင့်ကြောင်း၊ ခရီးသွားလာရေးလုပ်ငန်း စုစုပေါင်းဝင်ငွေမှာ တရုတ်ယွမ် (၆.၉၄၇)ဘီလီယံရရှိပြီး ယခင်နှစ်က အလားတူကာလထက် (၁၂.၈%)တိုးမြှင့်ကြောင်း၊ ၂၀၁၉ ခုနှစ် တရုတ်နွေဦးပွဲတော်ကာလတွင် လီကျန်းမြို့သည် ခရီးသည် (၁.၄၄၇၄)သန်းကို ဧည့်ခံကြိုဆိုကာ အလားတူကာလထက် (၇၈.၅၄%) တိုးမြှင့်ပြီး ခရီးသွားလာရေးဝင်ငွေ တရုတ်ယွမ် (၁.၄၇၃)ဘီလီယံရရှိကာ အလားတူကာလထက် (၅၈.၅၆%) တိုးမြှင့်ကြောင်း၊ လီကျန်းရှေးဟောင်းမြို့၊ ယွီလုံးနှင်းတောင်၊ လူကူဟူရေကန်၊ လီကျန်းစုန်ချန်၊ လာရှီဟိုင်ကျေးရွာခရီးသွားလာရေး၊ ကွမ်ရင်ရှာရှုခင်းဇုန် စသည့်ရှုခင်းဇုန်များသည် ခရီးသည်များစွာအား ဆွဲဆောင်နိုင်ကာ ဧည့်ခံကြိုဆိုသည့် ခရီးသည်ဦးရေနှင့် ရရှိသည့်ဝင်ငွေမှာ သမိုင်းတွင် စံချိန်သစ်တင်ခဲ့ကြောင်း လီကျန်းခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ နောက်ဆုံးထုတ်ပြန်သော စာရင်းအရ သိရပါသည်။

သတင်းထောက် -- Yang Zheng