၂၀၁၉ ခုနှစ် မော်တော်ဆိုင်ကယ်တေးဂီတပွဲတော်တွင် ခေတ်စားမှုကို လာရောက်ခံစားစို့

2019-02-28 17:50:35 |သတင်းအရင်းအမြစ် 云南日报

“နွေးထွေးမှု“ ဟူသော အဓိကဆောင်ပုဒ်ဖြင့် “လှုပ်ရှားနေသော တယ်ဟုန်ပြည်နယ်ခွဲ“ ၂၀၁၉ ခုနှစ် မော်တော်ဆိုင်ကယ်တေးဂီတပွဲသည် ဧပြီလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့ထိ သင်္ကြန်ပွဲတော်ကာလတွင် တယ်ဟုန် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ကျင်းပမည်ဖြစ်သည်။ ဤတေးဂီတပွဲတော်သည် အစိုးရဌာနလမ်းညွှန်ခြင်း၊ ပြည်သူပြည်သားဆင်နွှဲခြင်း၊ လုပ်ငန်းအသင်းအဖွဲ့ ပါဝင်ခြင်း ဟူသောစနစ်ကိုကျင့်သုံးပြီး ယဉ်ကျေးမှု၊ အားကစားလှုပ်ရှားမှုနှင့် ခရီးသွားလာရေးတို့ကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် လေးနက်စွာ တွန်းအားပေးလျက်ရှိပါသည်။

မော်တော်ဆိုင်ကယ်တေးဂီတပွဲတော်သည် တယ်ဟုန်ပြည်နယ်ခွဲတွင် (၄)ကြိမ်ဆက်တိုက် ကျင်းပခဲ့ရာ ဧည့်သည် တစ်သောင်းကျော် ပါဝင်ဆင်နွှဲခဲ့သည်။ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ပွဲတော် ကာလအတွင်း ဒေသအသီးသီးမှ မော်တော်ဆိုင်ကယ်ဝါသနာအိုးများသည် တယ်ဟုန်ပြည်နယ်ခွဲတွင် ဆုံဆည်းကာ အားကစားလှုပ်ရှားမှု၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ တေးဂီတနှင့် သင်္ကြန်ပွဲတော်ကို အတူဆင်နွှဲကြသည်။ မော်တော်ဆိုင်ကယ်တေးဂီတပွဲတော်သည်လည်း တယ်ဟုန်သင်္ကြန် ပျော်ပွဲရွှင်ပွဲတွင် အရေးပါသောလှုပ်ရှားမှုတစ်ခု ဖြစ်လာသကဲ့သို့ “လှုပ်ရှားနေသော တယ်ဟုန်ပြည်နယ်ခွဲ“ အစီအစဉ်၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။

၂၀၁၉ ခုနှစ် မော်တော်ဆိုင်ကယ်တေးဂီတပွဲကို ဘက်ပေါင်းစုံမှနေ၍ အဆင့်မြှင့်တင်ပြောင်းလဲကာ တီထွင်ဆန်းသစ်ထားသည်။ ယခင်ကကျင်းပသည့် ပွဲတော်၏ အဓိကလှုပ်ရှားမှုများအတိုင်း ဆက်လက်ကျင်းပသည့်အပြင် တေးဂီတအနုပညာပဒေသာကပွဲ၊ မော်တော်ဆိုင်ကယ်စီးပွဲ၊ အထူးကျွမ်းကျင်သော မော်တော်ကားပြပွဲ စသည့်လှုပ်ရှားမှုကို စီမံကျင်းပကာ တရုတ်နိုင်ငံနာမည်ကျော် တီးဝိုင်း(၁၀)ခုကို တင်ဆက်ရန် ဖိတ်ကြားထားပါသည်။ အီလက်ထရောနစ်တေးဂီတသင်္ကြန်ပွဲတော် လှုပ်ရှားမှုကို တိုးချဲ့ကျင်းပမည်ဖြစ်ကာ ဤလှုပ်ရှားမှုမှာ ယခုနှစ်၏ အဓိကလှုပ်ရှားမှုနှင့် ထူးခြားချက် ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံဒေသအသီးသီး၏ မော်တော်ဆိုင်ကယ်ကလပ်နှင့် တီးဝိုင်းများအား မော်တော်ဆိုင်ကယ်တေးဂီတဖိုရမ်ကို တက်ရောက်ဆင်နွှဲနိုင်ရန် ဖိတ်ကြားမည်ဖြစ်သည်။

“မော်တော်ဆိုင်ကယ်တေးဂီတပွဲတော်ဟာ တိုင်းရင်းသားနေ့ထူးနေ့မြတ်နဲ့အတူ ကျင်းပနိုင်တဲ့ အတွက် မော်တော်ဆိုင်ကယ်ချစ်သူတွေအဖို့ ခရီးသွားနေရာကို ထောက်ပံ့ပေးလိုက်တာပဲ ဖြစ်ပါတယ်။“ ဟု တယ်ဟုန်ပြည်နယ်ခွဲ အားကစားလှုပ်ရှားမှုအသင်းမှ သက်ဆိုင်ရာတာဝန်ရှိသူက မိတ်ဆက်ပြောပြသည်။ မော်တော်ဆိုင်ကယ်တေးဂီတပွဲတော်သည် တယ်ဟုန်ပြည်နယ်ခွဲ “ယဉ်ကျေးမှု၊ အားကစားလှုပ်ရှားမှုနှင့် ခရီးသွားလာရေး ပေါင်းစပ်မှု“ ၏ ရှေ့ဆောင်ဖြစ်ပြီး (၄)နှစ်တာအချိန်အတွင်း တရုတ်နိုင်ငံတွင် လှုပ်ရှားမှု၏ ကြီးကျယ်ခမ်းနားခြင်း၊ အကြောင်းအရာနှင့် သက်ရောက်မှု အားဖြင့် ကျော်ကြားသော မော်တော်ဆိုင်ကယ်တေးဂီတပွဲတော် ဖြစ်လာပါသည်။

သတင်းထောက်--Guan Yushu