မန်စီ-မန္တလေးလေကြောင်းလိုင်း ဖွင့်လှစ်ပြေးဆွဲသည့် ပထမလတွင် ခရီးသည် (၃၀၀၀)ကျော် ပို့ဆောင် နိုင်ခဲ့

2019-03-02 15:19:03 |သတင်းအရင်းအမြစ် yuanangateway

တစ်ပတ်လျှင် ၃ ကြိမ်ပျံသန်းသည့် ယူနန်ပြည်နယ်မန်စီမှ မန္တလေးသို့ တိုက်ရိုက်ပျံသန်းခြင်း လေကြောင်းလိုင်း ဖွင့်လှစ်သည်မှာ (၁)လပြည့်ပြီဖြစ်ပြီး ဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိ ခရီးသည် ဦးရေ (၃၃၂၃)ကျော် ပို့ဆောင်ခဲ့သည်။ အဆိုပါလေကြောင်းလိုင်းကြောင့် နိုင်ငံခြားခရီးစဉ်များသို့ လျင်မြန်စွာရောက်ရှိနိုင်ပြီး အချိန်တိုအတွင်း အေးဆေးစွာလည့်လည်ဖျော်ဖြေခြင်းကို ဖြစ်ပေါ်လာကာ ခရီးသည်များအကြားတွင် ရေပန်းစားလျက်ရှိနေသည်။ “မတ်လ(၅)ရက်နေ့ထိ မန်စီက မန္တလေးသို့ ခရီးစဉ် ကြိုတင်စာရင်းပေးတာ ပြည့်သွားပြီ”ဟု ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျင်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ ရှန်ယဉ်လေကြောင်းလိုင်းနှင့် ခရီးသွားလာရေး ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူ ယန်ပေါသည် Wechat Moments ဖြင့် ကြေညာခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့က မန်စီလေဆိပ်၏ ပြည်ပလေကြောင်းဂိတ်ပေါက် ဖွင့်လှစ် ခြင်း အစီအစဉ်အတွက် နိုင်ငံတော်စစ်ဆေးခြင်း အောင်မြင်မှုရရှိပြီး ယူနန်ပြည်နယ် ကူမင်း၊ စစ်ဆောင် ပန်းနားနှင့် လိကျန်း ပြီးနောက် စတုတ္ထမြောက်၊ တရုတ်နိုင်ငံတော်၏ (၇၅)ခုမြောက် ပြည်ပလေကြောင်း ဂိတ်ပေါက် ဖြစ်လာသည်။ ထို့ပြင် ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ မန်စီ၊ ရွှေလီ မြန်မာဗီဇာဝန်ဆောင်မှုစင်တာ ဆိုင်းဘုတ်တင်အခမ်းအနားကိုလည်း ဇန်နဝါရီလ (၁၂)ရက်နေ့က မန်စီမြို့တွင် ကျင်းပခဲ့သည်။ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် မန်စီ-မန္တလေး တိုက်ရိုက်လေကြောင်း လိုင်းအား စတင်ဖွင့်လှစ်ပြေးဆွဲခဲ့သည်။ “အချိန်တစ်လဆိုတာ တိုတိုလေးပဲ။ အခုဆိုရင် ကျွန်တော်တို့ ကုမ္ပဏီက ပဉ္စမအသုတ်ခရီးသည်အဖွဲ့ကို ကြိုဆိုမယ်။ ဒီအဖွဲ့မှာ ခရီးသည်(၂၀) ပါတယ်”ဟု ယမ်ပေါမှ ပြောကြားခဲ့သည်။ ပထမအသုတ်ခရီးသည်အဖွဲ့၏ ခရီးစဉ်မပြီးသေး သော်ငြားလည်း သူသည် ခရီးသည်အဖွဲ့သစ်များဖြင့် အလုပ်များနေသည်။

“မန်စီ-မန္တလေးလေကြောင်းလိုင်းက တရုတ်နဲ့မြန်မာအကြား အကွာအဝေးအနီးဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဖြစ်တယ်။ ဒီလေကြောင်းလိုင်းကြောင့် နှစ်နိုင်ငံပြည်သူပြည်သားတွေ ပြည်ဝင် ပြည်ထွက်ဖို့အချိန်ကို များစွာလျှော့ချစေတယ်။ မန်စီမြို့သူမြို့သားအပြင် အနီးပတ်ဝန်းကျင်ရှိတဲ့ မြို့သူမြို့သားနဲ့ ခရီးသည်တွေလည်း မန်စီ၊ ရွှေလီမှာ ဗီဇာလျှောက်ပြီး မြန်မာကိုသွားနိုင်တယ်”ဟု တယ်ဟုန်ပြည်နယ်ခွဲ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

“ခရီးသည်တွေအကြားမှာ ချီးကျူးမှု တော်တော်များများ ရရှိတယ်”ဟု တယ်ဟုန်ပြည်နယ်ခွဲ ခရီးသွားလာရေးဖွံ့ဖြိုးမှုကော်မတီမှ တာဝန်ရှိအရာရှိ ကျိုးယိယွင်မှ ဆိုသည်။ ခရီးသွားလာရေးခေတ် စားသောက်အပန်းဖြေသောခေတ်ကာလ ဖြစ်သည်နှင့်အညီ စားသုံးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း အသစ် များ ဖန်တီးဖြစ်ပေါ်နေကြောင်း၊ နိုင်ငံခြားသို့ခရီးထွက်ခြင်းအရှိန်အဟုန်သည် နက်ရှိုင်းမြင့်တက်စွာ ဖြစ်ပေါ်နေကြောင်း၊ မန်စီ-မန္တလေးလေကြောင်းလိုင်း မဖွင့်ခင်က တယ်ဟုန်ပြည်နယ်ခွဲ၏ နိုင်ငံခြားသို့ ခရီးသွားလမ်းကြောင်းသည် အဓိက တရုတ်-မြန်မာနယ်စပ်ဒေသ နေ့ချင်းပြန်ခရီးစဉ်သာ ဖြစ်ကြောင်း၊ လေကြောင်းလိုင်းဖွင့်လှစ်ပြီးနောက် ဒေသခံခရီးသွားလာရေး ကုမ္ပဏီများစွာသည် မန္တလေး၊ ပုဂံနှင့် ရန်ကုန် (၈)ရက်ကြာခရီးစဉ်ကို စီစဉ်ထားကြောင်း၊ လေယာဉ်စီးသူသည် များသောအားဖြင့် အလည်အပတ်ခရီးသည်ဖြစ်ပြီး ခရီးသွားအစုအဖွဲ့ဖြင့် ခရီးထွက်ကြကြောင်း ကျိုးယိယွင်မှ မိတ်ဆက်ပြောကြားသည်။

ရေပန်းစားလျှက်ရှိနေသော ခရီးသွားလာရေးလုပ်ငန်းသည် ပိုမိုများပြားသောပူးတွဲဆောင်ရွက်ချက် ပြဿနာများနှင့်လည်း ရင်ဆိုင်နေရသည်။ “မြန်မာဘာသာစကားပြောတတ်တဲ့ခရီးသွားလာရေး ကျွမ်းကျင်သူခေါ်ယူခြင်း၊ နိုင်ငံခြားခရီးစဉ်ပိုမိုကောင်းမွန်အောင်ရေးဆွဲခြင်း၊ မြန်မာခရီးသည်များ တရုတ်သို့ခရီးသွားခြင်း စတဲ့ ပြဿာနာတွေကို အခုရင်ဆိုင်နေရတာဖြစ်တယ်”ဟု ကျိုးယိယွင်မှ ပြောကြားခဲ့သည်။ “ခရီးသွားလာရေးကုမ္ပဏီက ဒေသခံခရီးသွားလာရေးလမ်းကြောင်းနဲ့ နိုင်ငံခြားခရီးသွားလာရေးလမ်းကြောင်း ပူးတွဲဆောင်ရွက်ရမယ်၊ တရုတ်တစ်ပြည်လုံးက ပြည်တွင်းခရီးသည်တွေ ယူနန်လည်ပတ်ပြီးနောက် ပြည်ပခရီးစဉ် မြန်မာသို့လည်ပတ်ဖို့ ဆွဲဆောင်စေဖို့ ကြိုးစားရမယ်”ဟု ယန်ပေါက ပြောကြားခဲ့သည်။

ကိန်းဂဏန်းစာရင်းအရ ဇန်နဝါရီလ(၃၁)ရက်နေ့ မန်စီ-မန္တလေးလေကြောင်းလိုင်း စတင်ဖွင့်လှစ်ခြင်းမှ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ ပြည်ဝင်ပြည်ထွက်ခရီးသည်သည် စုစုပေါင်း(၃၃၂၃)ယောက်ရှိပြီး ၎င်းအနက် တရုတ်ပြည်ဝင်ခရီးသည် (၁၅၃၀)ဦး၊ ပြည်ထွက် ခရီးသည် (၁၇၉၃)ဦးရှိကာ လေယာဉ် ပျံသန်းခြင်းအကြိမ်ပေါင်း (၂၇)ကြိမ်ရှိသည်။
(Yunnan Gateway)