ပိုးသတ္တဝါများ လန့်နိုးလာသောရာသီစက် ဝင်ရောက်လာသော တာ့ယဉ်ကျမ်း၏ရှုခင်း လှပနေ

2019-03-06 16:31:44 |သတင်းအရင်းအမြစ် 云桥网

မတ်လ(၆)ရက်နေ့မှစတင်ပြီး တရုတ်ရိုးရာ (၂၄)ရာသီစက်၏ ပိုးသတ္တဝါများ လန့်နိုးလာသောရာသီစက် သို့ ဝင်ရောက်ခဲ့သည်။ နံနက်ပိုင်းက တာ့ယဉ်ကျမ်းနိုင်ငံတော်စိမ့်မြေဥယျာဉ်တွင် မိုးရေ ညင်းပျောင်းစွာ ကျနေပြီး မြူခိုးမြူနှင်းဝန်းရံလှပနေသည်မှာ နတ်ဘုံတမျှလှပဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိနေသည်။

ကျူပင်များ၊ ပန်းများ၊ တည်ငြိမ်စွာ စီးဆင်းနေသော တာ့ယဉ်ကျမ်းမြစ် စသည်တို့ပေါင်းစပ်နေသည်မှာ ရှုခင်းပန်းချီကား တစ်ချပ် ဖြစ်နေသည်။ ထို့ပြင် လေညင်း၊ မိုးစက်ကျသံ၊ သီချင်းကဲ့သို့ နားထောင်၍ ကောင်းသော ငှက်တို့၏အော်သံတို့သည် ရောစပ်ကာ သာသာနေသည်မှာ ယနေ့မှစတင်ပြီး ကောင်းသောနှစ်တစ်နှစ် ဖြစ်လိမ့်မည်ဟု ပြောသကဲ့သို့ပင် ဖြစ်သည်။

(Yunnan Gateway)