《Z Storm 4》ရုပ်ရှင် ဧပြီလ(၄)ရက်နေ့တွင် ရုံတင်ပြသမည်

2019-03-07 17:30:34 |သတင်းအရင်းအမြစ် 新华网

ပြစ်မှုကျူးလွန်ခြင်းအရေးယူမှုကို အဓိကအကြောင်းအရာအဖြစ် ရိုက်ကူးသော《Z Storm 4》ရုပ်ရှင်ကို ဧပြီလ (၄) ရက်နေ့တွင် ရုံတင်ပြသမည်ဟု ကြေညာထားသည်။ ၎င်းရုပ်ရှင်သည် Ak-Ming Wong မှ ကြီးကြပ်ပြီး လင်တယ်လူမှ ညွှန်ကြားရိုက်ကူးထားပါသည်။ ထို့ပြင် Louis Koo, Kevin Cheng စသည့် တရုတ်ဟောင်ကောင် နာမည်ကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးများ ပါဝင်သရုပ်ဆောင် ထားသည်။

《Z Storm 4》ရုပ်ရှင်သည် Louis Koo အဖြစ်သရုပ်ဆောင်သော လုကြည့်လျန်သည် Independent Commission Against Corruption ၏ လျှို့ဝှက်ထောက်လှမ်းရေးတာဝန်ဖြင့် အကျဉ်းထောင်တွင် နေရပြီး Kevin Cheng အဖြစ်သရုပ်ဆောင်သော ချင်တယ်မင်နှင့် လက်တွဲကာ ပြစ်မှုကျူးလွန်ခြင်း ဆိုင်ရာ သက်သေအချက်အလက်များ ရှာဖွေသောဇာတ်လမ်း ဖြစ်သည်။ နောက်ဆုံးတွင် လုကြည့်လျန် နှင့် ချင်တယ်မင်သည် တန်ဖိုး ထရီလီယံရှိသော အကျင့်ပျက်ခြစားသည့် လာဘ်စားသောအမှုတစ်ရပ်ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါရုပ်ရှင်၏ နောက်ခံသည် ထောင်တွင်းကို အခြေခံပြီး တရုတ်ဟောင်ကောင်ဒေသ၏ စည်းကမ်းစောင့်ရှောက်အဖွဲ့များ ပထမဦးဆုံးအကြိမ် ထောင်တွင်းသို့ ရာဇ၀တ်မှုဆိုင်ရာ အမှုစစ်ဆေးခြင်းလုပ်ငန်းစဉ်တစ်ခုလုံးကို ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်သည်။

《Z Storm 》အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရုပ်ရှင်ဇာတ်လမ်းသည် အကျင့်ပျက်ခြစားမှုပြစ်မှု ကျူးလွန်ခြင်းနှင့် သက်ဆိုင်သည့် အဓိကအကြောင်းအရာဖြင့် ရိုက်ကူးသည့်ရုပ်ရှင်အနေနှင့် ချီးကျူးမှု များစွာ ခံနေရပြီး လက်မှတ်ရောင်းအားသည် အဆက်မပြတ် တိုးများလာကာ ရုပ်ရှင်ဝေဖန် စမ်းသပ်ခြင်း အမှတ်အဆင့်သည်လည်း ဆက်လက်တိုးမြင့်နေသည်။ ထို့ကြောင့်《Z Storm 4》ရုပ်ရှင်သည် ပရိသတ်များအား အံ့သြမှုကိုပေးစွမ်းနိုင်ပြီး အဂတိတိုက်ဖျက်ခြင်းဆိုင်ရာ ကောင်းမွန်သော ခံစားချက်ကိုလည်း သယ်ဆောာင်လာသည်ဟု ယုံကြည်ပါသည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။

ဘာသာပြန်၊ Yunnan gateway.