မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများမှ ပညာတော်သင်များ တရုတ်စကားပြောစွမ်းရည်ပြိုင်ပွဲ ကူမင်းမြို့ တွင် ကျင်းပ

2019-03-08 18:32:09 |သတင်းအရင်းအမြစ် 云桥网

မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ ပညာတော်သင်ချစ်ကြည်ရေးဖလှယ်ပွဲနှင့် တရုတ်စကားပြော စွမ်းရည်ပြိုင်ပွဲကို မတ်လ(၇)ရက်နေ့က ကူမင်းမြို့တွင် ကျင်းပခဲ့ပြီး ၎င်းပွဲသည် တရုတ်နိုင်ငံ တောင်ပိုင်း စွမ်းအင် ကုမ္ပဏီလီမိတက်(China Southern Power Grid )မှ ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘာဒီးယားနှင့် ဗီယက်နမ်နိုင်ငံမှ ပညာတော်သင်များသည် ခံစားချက်အပြည့်ဖြင့် သူတို့၏ ယူနန်တွင်နေထိုင်မှုနှင့် ပညာသင်ယူခြင်းဆိုင်ရာ အကြောင်းအရာကို ဖော်ပြပြိုင်ပွဲဝင်ခဲ့ရာ အားပေးချီးကျူးမှု လက်ခုပ်သံ များစွာရရှိခဲ့သည်။

စကားပြောပြိုင်ပွဲကျင်းပရာတွင် “တရုတ်ပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်အရဆုံးသော အရာတစ်ခု”ဟူသည့်ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြရာ လက်ရွေးစဉ် (၁၀)ဦးသည် တရုတ်နိုင်ငံတွင် နေထိုင်ခြင်းနှင့် ပညာသင်ယူလေ့လာခြင်းအကြောင်းကို ပရိသတ်များအား မျှဝေခဲ့သည်။ ထို့နောက် အမိနိုင်ငံရိုးရာ ဝတ်စုံဝတ်ဆင်ပြီး အရှေ့တောင်အာရှ၊ တောင်အရှ အဆိုအကများကို ဖျော်ဖြေတင်ဆက်ကြသည်။ တစ်ချိန်တည်းတွင် ပညာတော်သင်များသည် China Southern Power Grid ၏ ဝန်ထမ်းများနှင့်အတူ အပြန်အလှန်ဖလှယ်ခဲ့ကြပြီး မောင်းသူမဲ့ လေယာဉ်ဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းအကြောင်းကိုလည်း လေ့လာခဲ့ကြသည်။

သတင်းအရ ၂၀၁၀ ခုနှစ်ကတည်းက China Southern Power Grid သည် မဲခေါင် မြစ်ဝှမ်း တစ်လျှောက်နိုင်ငံများမှ ပညာတော်သင်များကို ငွေကြေးဖြင့် တက်ကြွစွာ ကူညီထောက်ပံ့ပေးနေသည်။ ၂၀၁၅ ခုနှစ်မှစပြီး ၎င်းကုမ္ပဏီသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ကမ္ဘာဒီးယားနိုင်ငံမှ ပညာတော်သင် (၅)ဦးစီအား ကူမင်းရူပဗေဒနှင့် အင်ဂျင်နီယာပညာတက္ကသိုလ်တွင် လျှပ်စစ်စွမ်းအားပညာရပ်ကို လေ့လာရန် အပြည့်အ၀ ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြင့် အဆိုပါနိုင်ငံများမှ လျှပ်စစ်စွမ်းအားပညာရပ် ဆိုင်ရာ ထူးချွန်သူများ မွေးထုတ်ပေးခြင်းအတွက် အကျိုးဆောင်ကျဉ်း ပေးခဲ့သည်။ ထို့ပြင် ၎င်း ကုမ္ပဏီသည် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ၏ လျှပ်စစ်စွမ်းအားတာဝန်ခံ အစိုးရဌာနနှင့် လုပ်ငန်းရှင်များနှင့်အတူ စီမံခန့်ခွဲခြင်း၊ နည်းပညာဖလှယ်ခြင်းနှင့် မွမ်းမံသင်တန်းပေးခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်ခဲ့သည်။

ကူမင်းမြို့အခြေစိုက် မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ အရာရှိများ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးဦးစီးဌာန၊ China Southern Power Grid နှင့် ကူမင်းရူပဗေဒနှင့် အင်ဂျင်နီယာပညာတက္ကသိုလ်မှ တာဝန်ရှိသူများသည် အဆိုပါပြိုင်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

(Yunnan Gateway)