တရုတ်-မြန်မာ တယ်ဟုန် ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးနည်းပညာပြပွဲ ဖွင့်လှစ်ကာ ဧည့်သည်များအား ကြိုဆိုလျက်ရှိ

2019-03-11 18:00:10 |သတင်းအရင်းအမြစ် 云报客户端

မတ်လ(၈)ရက်နေ့က တရုတ်-မြန်မာ တယ်ဟုန် ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေး နည်းပညာပြပွဲကို တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လယ်ယာစိုက်ပျိုးရေး နည်းပညာဖြန့်ဖြူးရေးစင်တာတွင် စတင်ဖွင့်လှစ်ခဲ့ရာ မတ်လ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြည်သူလူထုအား အခမဲ့ဖွင့်လှစ်ပြသပေးမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါပြပွဲကို တယ်ဟုန်ပြည်နယ်ခွဲ လယ်ယာစိုက်ပျိုးရေးနည်းပညာအသင်းမှ ဦးစီးကျင်းပခြင်း ဖြစ်ပြီး တယ်ဟုန်ပြည်နယ်ခွဲ လယ်ယာစိုက်ပျိုးရေးနည်းပညာဖြန့်ဖြူးရေးစင်တာနှင့် တယ်ဟုန်အဆင့်မြင့် ဆရာအတတ်သင်ကျောင်း စိုက်ပျိုးသိပ္ပံနည်းပညာဌာနမှ တာဝန်ယူ၍ ကျင်းပကာ ယူနန်စိုက်ပျိုးရေးတက္ကသိုလ်မှ သုတေသီ ကျူယုတ်ယုံ၏အဖွဲ့က နည်းပညာကို ထောက်ပံ့ပေးခြင်း ဖြစ်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သီးနှံလုပ်ငန်းအဖွဲ့များ၊ အထူးကျွမ်းကျင်သော သမ၀ါယမအဖွဲ့နှင့် သိပ္ပံနည်းပညာရှင်များသည် အဆိုပါဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဆင်နွှဲကြပါသည်။

ဖွင့်ပွဲအခမ်းအနားကျင်းပသည့်နေ့တွင် အလေးချိန်(၁၀၀)ကီလိုဂရမ်ရှိသော ဧရာမရွှေဖရုံသီး၊ ပုံသဏ္ဍာန်ထူးခြားသော ဟင်းသီးဟင်းရွက် အသီးအနံ၊ ပေါ်လွင်လှပသည့် ဘွန်ဆိုင်းပန်းအိုးအလှ တို့သည် ခရီးသည်များအား အမှတ်တရဓာတ်ပုံရိုက်ကူးရန် ဆွဲဆောင်နေပါသည်။ တွဲဖက်ခြံထွက်ပစ္စည်း ရောင်းဝယ်ရေးဇုန်ရှိ ထွက်ကုန်အမျိုးမျိုးကလည်း ကုန်သည်ကြီးနှင့် အ၀ယ်တော်များအား ဆွဲဆောင်နေပါသည်။

ယခုနှစ်ပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲသည် အရင်းအမြစ်၊ အပူပိုင်းဇုန်နှင့် တည်နေရာ စသည့်အားသာချက်ကို အသုံးချကာ တယ်ဟုန်ကုန်းပြင်မြင့် ထူးခြားဝိသေသလက္ခဏရှိ လယ်ယာစိုက်ပျိုးရေးကုန်အမှတ်တံဆိပ်နှင့် မြစိမ်းရောင်ကုန်ပစ္စည်းများကို တစိုက်မတ်မတ် ဖန်တီးလျက်ရှိသည်။ ၎င်းဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံစိုက်ပျိုးနည်းပညာပြပွဲကို ကျင်းပနိုင်သည့်အတွက် တရုတ်ပြည်တွင်းအသီးအနံနှင့်ဥယျာဉ်ခြံ၏ မျိုးကောင်းမျိုးသန့်များကို ပြသရန် လည်းကောင်း၊ တရုတ်-မြန်မာစိုက်ပျိုးရေးနည်းပညာရှင်များအတွက် သိပ္ပံနည်းပညာ ဖလှယ်ရေး ပလက်ဖောင်းကို တည်ဆောက်ရန်လည်းကောင်း၊ ဥယျာဉ်ဝါသနာအိုးများအတွက် လေ့လာကြည့်ရှုနိုင်ရန်လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးခရီးသွားသင်္ကေတနေရာအသစ်ကို ထူထောင်နိုင်ရန်လည်းကောင်း ရည်ရွယ်ထားပါသည်။

သတင်းထောက်--Li Peiyun