တိုင်းရင်းသားကလေးငယ်များ သစ်ပင်စိုက်ပျိုးရေးနေ့ အတူဆင်နွှဲ

2019-03-12 18:40:53 |သတင်းအရင်းအမြစ် 新华网

မေလ ၁၂ ရက်နေ့က ကျဲကျန်ပြည်နယ် ချန်ရှင်ခရိုင် ဟုန်ချောင်မြို့နယ် စင်တာမူကြိုကျောင်းတွင် တိုင်းရင်းသားကလေးငယ်များ သစ်ပင်စိုက်ပျိုးရေးနေ့ကို အတူဆင်နွှဲကြသည်။ ယီတိုင်းရင်းသား၊ မြောင်တိုင်းရင်းသား၊ ကျွမ့်တိုင်းရင်းသား စသည့် တိုင်းရင်းသားကလေးများသည် တိုင်းရင်းသားဝတ်စုံကို ၀တ်ဆင်ကာ အဆိုပါမြို့နယ်၏ နန်ရန်ရွာတွင် သစ်ပင်စိုက်ပျိုးရေးနေ့ကို ဂုဏ်ပြုကြိုဆိုကာ သစ်ပင်ငယ်များ စိုက်ပျိုးကြသည်။ ချန်ရှင်ခရိုင်၊ ဟုန်ချောင်ခရိုင် စင်တာမူကြိုကျောင်းတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများစွာ ကျောင်းတတ်နေကြသည်။ အဆိုပါပြင်ပမှကလေးများသည် ယီ၊ မြောင်၊ ကျွမ့်၊ ပူရီ၊ ရွှေ၊ ထူကျာ စသည့်တိုင်းရင်းသားများ ဖြစ်ကြသည်။

၂၀၁၉ ခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သစ်ပင်စိုက်ပျိုးရေးနေ့ အတည်ပြုသတ်မှတ်သည့် နှစ်(၄၀)ပြည့် အထိမ်းအမှတ်နှစ် ဖြစ်သည်။ ယခုနှစ် သစ်ပင်စိုက်ပျိုးရေးနေ့၏ အဓိကဆောင်ပုဒ်မှာ “သစ်ပင်စိုက်ပျိုးရေးတာဝန် ထမ်းဆောင်၊ သာယာလှပသော တရုတ်ပြည် အတူတည်ဆောက်” ဖြစ်သည်။ နှစ်(၄၀)အတွင်း တာဝန်သိသိ သစ်ပင်စိုက်ပျိုးရေးနေ့ ကျင်းပလာသည့်အတွက် အများပြည်သူအား သဘာဝပတ်ဝန်းကျင်တပြေးညီခြင်း အတွေးအခေါ်ကို ဖြစ်ပေါ်စေခြင်းဖြင့် လူမှုအလွှာပေါင်းစုံမှ သစ်ပင်များကို စိုက်ပျိုးရေးဖြင့် မြစိမ်းရောင်မြတ်နိုးတန်ဖိုးထားသည့် အခြေအနေကို ဖန်တီးပေးနိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်အစိုးရပိုင်နယ်မြေကို စိမ်းလန်းစိုပြေဖြစ်အောင် အောင်မြင်မှုရရှိနိုင်ရန် တွန်းအားပေးကာ “တရုတ်စိမ်းလန်းစိုပြေရေး” အတွေးအခေါ်ဖြင့် ခေတ်သစ်၏ အိပ်မက်ကို အောင်မြင်ရန် ဖော်ဆောင်ကြသည်။

ဆင်ဟွာသတင်းထောက် Xu Yu ရိုက်သောပုံ။