(၉)ကြိမ်မြောက် တရုတ်တာ့လီဝေစန်စားကောင်းသောက်ဖွယ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

2019-03-15 18:24:42 |သတင်းအရင်းအမြစ် 云桥网

မေလ(၁၄)ရက်နေ့က ၂၀၁၉ ခုနှစ် တရုတ်အမျိုးသားယီတိုင်းရင်းသားလူမျိုးဘိုးဘွားပူဇော်ကန်တော့ပွဲနှင့် (၉)ကြိမ်မြောက် တရုတ်တာ့လီဝေစန်စားကောင်းသောက်ဖွယ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဝေစန်ယီ၊ ဟွေတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် နန်ကျောက်ယဉ်ကျေးမှုရင်ပြင်တွင် ကျင်းပခဲ့သည်။

ဤပွဲတော်လှုပ်ရှားမှုကို မေလ(၁၈)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်ကာလတွင် ဝေစန်ဒေသစားကောင်းသောက်ဖွယ်များ၊ တာ့လီပြည်နယ်ခွဲ၏ မြို့ပြနှင့်ခရိုင်(၁၁)ခုနှင့် ယူနန်ပြည်နယ်ရှိအခြားသော ပြည်နယ်ခွဲနှင့် မြို့ပြ(၁၅)ခု၏ နာမည်ကျော်ကြားသောထူးခြားသည့် စားကောင်းသောက်ဖွယ်များကို အတူခင်းကျင်းပြသခြင်းဖြစ်သည်။

၎င်းစားကောင်းသောက်ဖွယ်ပွဲတော်တွင် ဈေးဆိုင်ပေါင်း(၃၁၀)ဆိုင် ဖွင့်လှစ်ပြီး စားကောင်းသောက်ဖွယ် အမျိုးပေါင်း(၁၆၀)ကျော်ကို ရောင်းချလျက်ရှိနေသည်။ မြေအိုးဟင်းရည်၊ အချိုပွဲအစားအစာ၊ မုန့်၊ ဆန်ခေါက်ဆွဲနှင့်ဆီချက်စသည့်စားကောင်းသောက်ဖွယ်အမျိုးပေါင်း(၁၀)မျိုးပါဝင်ပါသည်။ ထို့ပြင် နန်ကျောက်ကျန်းမာရေးဟင်းပွဲမှာ ခရီးသည်များစွာ၏ နှစ်သက်အားပေးမှုရရှိပါသည်။

ယခင်နှစ်များနှင့်မတူပဲ ယခုနှစ်တွင် ပြည်ပနာမည်ကျော် စားကောင်းသောက်ဖွယ်(၁၀)မျိုး၏ လုပ်ငန်းရှင်များအား ဤပွဲတော်တွင် ပါဝင်တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ “ဝေစန်စားကောင်းသောက်ဖွယ် နိုင်ငံနှင့်အ၀န်း ဖြန့်ဖြူးသည်။ နိုင်ငံနှင့်အ၀န်းစားကောင်းသောက်ဖွယ်များ ဝေစန်တွင်ရှိသည်”ဟု ဆိုလိုသကဲ့သို့ ဝေစန်တွင် နိုင်ငံတကာစံအတိုင်း စားသောက်ရနိုင်သည်။

ထို့ပြင် အထူးဖိတ်ကြားထားသည့် ဝေစန်ဒေသထူးခြားချက်ရှိသော ယခင်က စားကောင်းသောက်ဖွယ်ပွဲတော်တွင် ဆုချီးမြှင့်ပေးခဲ့သည့် ရေပန်းအစားဆုံး နာမည်ကျော်ကြားသော စားကောင်းသောက်ဖွယ်ဆိုင်(၂၂)ဆိုင်သည်လည်း ထိပ်တန်းစားကောင်းသောက်ဖွယ်ဈေးတန်း ဖွင့်လှစ်ကာ ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။

၎င်းစားကောင်းသောက်ဖွယ်ပွဲကျင်းပသည့်ကာလအတွင်း ဝေစန်သည် ဆန်းတင့်ဝေဆာလှသော တိုင်းရင်းသားယဉ်ကျေးမှုတင်တက်မှု၊ သမိုင်းယဉ်ကျေးမှုနာမည်ကျော်ကြားသောတုံလျန်ဟွာကျေးရွာလည်ပတ်ခြင်း၊ ယီ-ဟန်နှစ်ဘာသာဖြင့် လက်ရေးလက်သားပြပွဲ၊ ဘွန်စိုင်းဥယျာဉ်ပြပွဲ၊ ဆိုးဆေးပြတိုက်စသည့်စုံလင်သောလှုပ်ရှားမှုများကို ပြုလုပ်ကျင်းပသည်။

သတင်းထောက်--Li Zha၊ Huang Xingneng

(Yunnan Gateway)