ကူမင်းဟေလုံးထန်ဥယျာဉ် နွေဦးရာသီ ပန်းမန်နတ်သမီးပွဲတော်တွင် တရုတ်ရိုးရာဝတ်စုံ ၀တ်ဆင်ထားသော အမျိုးသမီးများ ဆုံဆည်းဆင်နွှဲ

2019-03-18 18:26:17 |သတင်းအရင်းအမြစ်

မေလ(၁၆)ရက်နေ့က ကူမင်းဟေလုံးထန်ဥယျာဉ်တွင် စိုက်ပျိုးထားသော တရုတ်ဧက(၁၀၀)ရှိ ဇလပ်နီပန်းမန်များ ဝေေ၀ဆာဆာ ပွင့်ဖူးလျက်ရှိသည်။ တရုတ်ရိုးရာဝတ်စုံကို ကြီးကျယ်ခမ်းနားစွာ ၀တ်ဆင်ထားသော “ပန်းမန်အမျိုးသမီး” များသည် ပန်းမန်နတ်သမီးပွဲတော်ဟူသော နွေဦးဆုံဆည်းပွဲကို လာရောက်ဆင်နွှဲကြသည်။ ဇလပ်နီပန်းမန်များတွင် ရိုးရာ ပန်းမန်နတ်သမီး ပူဇော်ပွဲအခမ်းအနားကို ကျင်းပကာ နွေဦးရာသီတွင် သစ်ပင်ပန်းမန်များကို စောင်မပါစေဟု ဆုတောင်းကြသည်။ ပန်းပင်လယ်ကြီးနှင့် တောတောင်ရေမြေကို ရှုစားရင်း နွေဦးအလှတရားတွင် နစ်မျောစေပါသည်။ ရိုးရာယဉ်ကျေးမှုအနှစ်သာရနှင့် ပြည့်နှက်နေသော ပန်းမန်ပွဲတော်တွင် နွေဦးမြို့ဟူသော ကူမင်းမြို့၏ ဆန်းတင့်ဝေဆာလှသော ရှုခင်းမြင်ကွင်း ဖြစ်လာပါသည်။

ပန်းမန်ပွဲတော်သည် ပန်းပေါင်းစုံ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး “ပန်းမန်နတ်သမီးပွဲတော်”၊ “ပန်းပေါင်းစုံမွေးနေ့”၊ “ပန်းမန်နတ်သမီးမွေးနေ့” စသည်များဖြင့် ချီးမွမ်းခေါ်ဝေါ်သေးသည်။ ဤပွဲတော်မှာ တရုတ် အမျိုးသား ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ အဆိုပါပွဲတော်ကို ဟေလုံးထန်ဥယျာဉ်နှင့် ယူနန်ချန်ယွီ တရုတ်ရိုးရာဝတ်စုံအသင်းနှင့် ပူးတွဲကျင်းပခြင်း ဖြစ်သည်။ ပန်းမန်များဖြင့် ဖလှယ်ရေးပြုလုပ်ပြီး ရိုးရာယဉ်ကျေးမှုကိုလည်း တင်ဆက်ပြသထားသည်။ ထို့ပြင် နွေဦးမြို့၏ ပန်းမန်ရာသီနှင့် ပန်းမန်ပြပွဲ၏ ယဉ်ကျေးမှုအနှစ်သာရကို အဆက်မပြတ် ထုတ်ဖော်ကာ ပန်းမန်မြတ်နိုးခြင်း၊ ကာကွယ်ခြင်း၊ ရှုစားခြင်းကို တပြေးညီစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ “နွေဦးပန်းမန်မြို့တော်” ဟူသော သင်္ကေတကို ပိုပြီး ထင်ရှားပေါ်လွင်စေနေသည်။

သတင်းထောက် -- Yang Zheng