လောဖိန်တွင် မုန်ညင်းပန်းအလှတရားများနှင့်ပြည့်နေ

2019-03-22 18:01:39 |သတင်းအရင်းအမြစ် 云南网

ယူနန်ပြည်နယ် ကတ်စ(ထ)ထုံးကျောက်မြေရှိ လောဖိန်မုန်ညင်းပန်းခင်းများတွင် နံနက်ပိုင်း မြူနှင်းများ တလူလူ တငြိမ့်ငြိမ့် မှုံဝေလျက်ရှိနေ၍ ဆီဆေးပန်းချီကဲ့သို့ ဖြစ်နေပါသည်။ နေရောင်ခြည်များ တဖြည်းဖြည်းထွက်လာချိန်တွင် မြူနှင်းများ ပြန့်လွှင့်ကာ မုန်ညင်းပန်းခင်းမှာလည်း တဖြည်းဖြည်းချင်း ပေါ်လွင်လာပါသည်။

နံနက်(၉)နာရီတွင် မုန်ညင်းပန်းခင်းမှာ ထင်ရှားပေါ်လွင်လာပါသည်။ အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူတို့သည် လိုက်ဖက်ညီစွာ ရှိနေကြသည်။ မွန်းလွဲပိုင်းတွင် လောဖိန်မုန်ညင်းပန်းခင်းသည် ဆိတ်ငြိမ်နေသည်။ နေ၀င်ချိန်ရောက်ပြီးနောက် အ၀ါရောင်နှင့် အစိမ်းရောင်ရှိ မုန်ညင်းပန်းခင်း၏ ညရှုခင်းသည် မှောင်မိုက်ခြင်းဆီသို့ တဖြည်းဖြည်းချင်း ပုန်းအောင်းသွားပါတော့သည်။

ဆင်ဟွာသတင်းထောက်--Bao Yu