“ယူနန်ကို လည်ပတ်ခြင်း” App ဟာ ယူနန်ပြည်နယ်ပြည်သူ့အစိုးရနဲ့ Tencent ကုမ္ပဏီတို့ ပူးတွဲပြီး တည်ဆောက်ထားတဲ့ All-For-One Tourism စမတ်ပလက်ဖောင်း ဖြစ်ပါတယ်။ ဒီ App မှတစ်ဆင့် ခရီးသည်တွေဟာ မိုဘိုင်ဖုန်းတစ်လုံးဖြင့် စိတ်တိုင်းကျ လည်ပတ်ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။
ဒီ App မှာ ဘာအသုံးဝင်တာတွေ ပါရှိသလဲ။ ဘယ်လို အသုံးပြုမလဲ။ ကျွန်မ LMp ဟာ စာဖတ်ပရိသတ်တွေ အသုံးပြုနိုင်ဖို့ လမ်းညွှန်ချက်တစ်ချို့ ရေးပေးလိုက်ပါတယ်။
ပထမအဆင့် ။ ။ မိုဘိုင်းဖုန်း စတိုးဆိုင် App ကို ဖွင့်လိုက်ပြီး “ယူနန်ကို လည်ပတ်ခြင်း” App ကို ရှာပါ။ Android မိုဘိုင်းဖုန်းမှာပဲဖြစ်ဖြစ်၊ Apple မိုဘိုင်းဖုန်းမှာပဲဖြစ်ဖြစ် download လုပ်နိုင်တယ်။
ဒုတိယအဆင့် ။ ။ ပင်မစာမျက်နှာကို ၀င်လိုက်ပြီး ညဖက်အောက်ထောင့်ရှိတဲ့ “ကျွန်တော့်” ဆိုတဲ့ ကော်လံကို လက်နဲ့နှိပ်လိုက်ပါ။ မှတ်ပုံတင်ဖို့ နည်းလမ်း သုံးမျိုးတွေ့ရမယ်။ WeChat, QQ နဲ့ တယ်လီဖုန်းနံပါတ်ဖြင့် မိမိနှစ်သက်ရာနဲ့ ၀င်လို့ ရနိုင်တယ်။
တတိယအဆင့် ။ ။ အခြေခံဝန်ဆောင်မှု သိရှိဖို့လိုတယ်။ ရေပန်းစားတဲ့ ရှုခင်းဇုန်ဒေသ၊ တိုက်ရိုက်ထုတ်လွှင့်ချက်၊ ရှုခင်းဇုန်ဧည့်လမ်းညွှန်၊ လမ်းပန်းဆက်သွယ်ရေး၊ ထိပ်တန်းခရီးစဉ်၊ ၀င်ခွင့်လက်မှတ်၊ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ စားကောင်းသောက်ဖွယ်၊ SOS၊ အိမ်သာရှာဖွေ၊ ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ပန်းမန်တွေ သိရှိ၊ QR code ဖတ်ပြီး ရှုခင်းသာသိရှိ၊ ဧည့်လမ်းညွှန်၊ ခရီးသွားကုမ္ပဏီ ရှာဖွေ၊ ရှုခင်းဇုန်ရာသီဥတု၊ တိုင်ကြားခြင်း စတဲ့ဝန်ဆောင်မှုတွေ ရရှိနိုင်တယ်။
ထူးခြားချက်ရှိတဲ့ဝန်ဆောင်မှုတွေ မိတ်ဆက်ခြင်း ။ ။
၁။ တိုက်ရိုက်ထုတ်လွှင့်ချက်
အခု “ယူနန်ကို လည်ပတ်ခြင်း” App မှာ ရှုခင်းဇုန် တိုက်ရိုက်ထုတ်လွှင့်ချက် (၁၄၀၀)ကျော်ကို ကြည့်ရှုနိုင်ပြီး ယူနန်ပြည်နယ်မှာရှိတဲ့ ပြည်နယ်ခွဲနဲ့ မြို့ပြ (၁၅)ခုရဲ့ ၉၅% A အဆင့်ရှုခင်းဇုန်ထိ ပျံ့နှံ့ပါရှိတယ်။ တစ်နေ့ ၂၄ နာရီကာလပတ်လုံး ထုတ်လွှင့်နိုင်တဲ့အတွက် တရုတ်နိုင်ငံမှာ အကြီးဆုံး ရှုခင်းဇုန်တိုက်ရိုက်ထုတ်လွှင့်ချက်ပလက်ဖောင်း ဖြစ်လာပါတယ်။
၂။ တိုင်ကြားခြင်း
“ယူနန်ကို လည်ပတ်ခြင်း” App မှာ “တိုက်ရိုက်တိုင်ကြားခြင်း၊ လုပ်ငန်းအဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ် ခြင်း၊ အချိန်မီ တုံ့ပြန်ခြင်း၊ ပူးတွဲဖြေရှင်းပေးခြင်း၊ ချက်ချင်းအကြောင်းပြန်ကြားခြင်း၊ ချက်ချင်းဆောင်ရွက် ပေးခြင်း” လိုဆိုတဲ့ တိုင်ကြားမှုဖြေရှင်းစနစ်ကို ထူထောင်ထားတယ်။ ဒီ App အွန်လိုင်းစတင်ပြီးနောက် တိုင်ကြားမှုကို ရာခိုင်နှုန်းပြည့် ဖြေရှင်းနိုင်ခဲ့တယ်။ ၂၄ နာရီအတွင်း ဖြေရှင်းပေးနိုင်မှုနှုန်းဟာ ၉၉ % ရှိပါတယ်။ ပျမ်းမျှအားဖြင့် ဖြေရှင်းပေးတဲ့အချိန်ဟာ ၆ နာရီ ၈ မိနစ် ရှိပါတယ်။
၃။ ယုံကြည်မှုစနစ်
အခု “ယူနန်ကို လည်ပတ်ခြင်း” App ဟာ လုပ်ငန်းအဖွဲ့ (၂၅၀၀၀)ရဲ့ ယုံကြည်မှုစစ်ဆေးချက်၊ ယုံကြည်မှုအဆင့် ဆုံးဖြတ်သတ်မှတ်ချက်နဲ့ အွန်လိုင်းစတင်ခြင်းကို ပထမအသုတ်အနေဖြင့် ဖြစ်မြောက် အောင်မြင်ခဲ့တယ်။ ခရီးသည်တွေဟာ အရည်အသွေးကောင်းတဲ့ ခရီးစဉ်၊ ဟိုတယ်၊ စားသောက်ဆိုင်ကို ယုံကြည်စိတ်ချစွာ ကြိုတင်မှာလို့ ရနိုင်တယ်။ ယူနန်ထူးခြားချက်ရှိတဲ့ လက်ဆောင်ပစ္စည်းများကိုလည်း ၀ယ်ယူနိုင်တယ်။
၎။ အိမ်သာရှာဖွေခြင်း
“ယူနန်ကို လည်ပတ်ခြင်း” App ဖြင့် စမတ်အိမ်သာ အသုံးပြုနိုင်ဖို့ စီမံထားတယ်။ အိမ်သာ တည်နေရာနဲ့ အခြားသော အသုံးပြုနိုင်တဲ့ဝန်ဆောင်မှုကို အတိအကျ ဖော်ပြနိုင်ဖို့၊ အချိန်နဲ့တပြေးညီ လမ်းညွှန်ပြဖို့ ၀န်ဆောင်ပေးနိုင်တယ်။
၅။ ရှုခင်းဇုန်ဧည့်လမ်းညွှန်
စမတ်ဧည့်လမ်းညွှန်ဝန်ဆောင်မှုဟာ ယူနန်ပြည်နယ်ကရှိသမျှ 5A အဆင့်၊ 4A အဆင့်၊ 3A အဆင့် ရှုခင်းဇုန်တွေထိ ပျံ့နှံ့ပါရှိတယ်။ အသံဧည့်လမ်းညွှန်နဲ့ ခရီးစဉ် စတဲ့ဝန်ဆောင်မှုနှစ်ခု ပါဝင်တယ်။ ၂၀၁၉ ခုနှစ်ထဲမှာပဲ အင်္ဂလိပ်ဘာသာ ရှုခင်းဇုန်ဧည့်လမ်းညွှန်ဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မှာမို့ ကမ္ဘာ့လှည့်ခရီးသည်တွေကိုပါ ၀န်ဆောင်မှုပေးနိုင်မယ်။
၆။ မျက်နှာကို စကင်ဖတ်ပြီး ရှုခင်းဇုန်ဝင်ရောက်နိုင်ခြင်း (၀င်ခွင့်လက်မှတ်)
အခု “ယူနန်ကို လည်ပတ်ခြင်း” App ဖြင့် ယူနန်ပြည်နယ် A အဆင့် ရှုခင်းဇုန် ၀င်ခွင့်လက်မှတ်ကို အွန်လိုင်းမှာ ၀ယ်လို့ရနိုင်ပါပြီ။ ရှုခင်းဇုန် ၀င်ရောက်တဲ့အခါမှာ လူ့မျက်နှာ အကဲဖြတ်နည်းပညာကိုသုံးပြီး ၀င်ရောက်နိုင်ပါပြီ။
၇။ AI နည်းပညာဖြင့် လေ့လာခြင်း
“ယူနန်ကို လည်ပတ်ခြင်း” App မှာ AI နည်းပညာဖြင့် ရှုခင်းဇုန်နဲ့ ပန်းမန်သစ်ပင်ကို သိရှိဖို့ ၀န်ဆောင်ပေးတယ်။ စမတ်နည်းပညာနဲ့ ဓာတ်ပုံအကဲဖြတ်ခြင်းနည်းပညာအသုံးပြုပြီး ဓာတ်ပုံ ရိုက်လိုက်တာနဲ့ ရှုခင်းဇုန်နဲ့ ပန်းမန်သစ်ပင်တွေအကြောင်းကို သိရှိနိုင်တယ်။ တိကျမှုနှုန်းဟာ ၉၉ % ရှိပါတယ်။
၈။ ခရီးသွားနေရာမှာရှိတဲ့ ပြတိုက်
အခု “ယူနန်ကို လည်ပတ်ခြင်း” App ဟာ ယူနန်ပြည်နယ် ပြတိုက် ၁၂၃ ခုရဲ့ တည်နေရာ၊ ပြတိုက် (၁၇)ခုရဲ့ အကြောင်းအရာ၊ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စီမံကိန်း၊ ဒြပ်မဲ့အမွေအနှစ်ဆက်ခံသင်ကျောင်း(၁၂)ခုနှင့် ယူနန်ပြည်နယ် ဇာတ်ရုံကြီး စတဲ့ယဉ်ကျေးမှု အချက်အလက်တွေကို မှတ်တမ်းတင်ထားတယ်။
“ယူနန်ကို လည်ပတ်ခြင်း” App ဟာ တော်တော်လေး အသုံးဝင်တယ်။ စကားလုံးနည်းနည်းနဲ့ လွယ်လွယ်လေး ရှင်းပြလို့ မပြည့်စုံနိုင်ဘူး။ စာဖတ်ပရိသတ်တွေဟာ ကိုယ်တိုင်လေ့လာပြီး အသုံးပြုကြည့်မယ်ဆိုရင် ပိုများတဲ့ဝန်ဆောင်မှုကို ရှာဖွေတွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်။