နိုင်ငံခြားမိတ်ဆွေသူငယ်ချင်းများဟန့်မင်းဆက်ရိုးရာဝတ်စုံဝတ်ဆင်၍ နွေဦးရာသီအလှရှုခင်းတွင် စီးမျောခံစား

2019-04-01 18:38:23 |သတင်းအရင်းအမြစ် 新华网

မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံခြားမိတ်ဆွေသူငယ်ချင်းနှင့် ထွန်ရွာမှ ဟန့်မင်းဆက်ရိုးရာဝတ်စုံ စိတ်ဝင်စားသူများသည် ထောင်ယွမ်ရွာ၌ လှပသောရွာရှိနွေဦးရာသီအလှရှုခင်းကို ခံစားခဲ့ကြသည်။

အဆိုပါနေ့တွင် ကျဲ့ဂျန်းပြည်နယ် ထွန်ရှန်းမြို့နယ် ၀ူထွန်ရပ်ကွက်ရှိ ထောင်ယွမ်ရွာတွင် ဘယ်ဂျီယန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ဟော်လန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ စသည့်နိုင်ငံများမှ လာရောက်သော နိုင်ငံခြားမိတ်ဆွေသူငယ်ချင်းများသည် ဟန့်မင်းဆက်ရိုးရာဝတ်စုံ ၀တ်ဆင်၍ ဒေသခံ ဟန့်မင်းဆက်ရိုးရာဝတ်စုံ စိတ်ဝင်စားသူ၊ ရွာသူရွာသားများ နှင့်အတူ တရုတ်ယန်စီမြစ် တောင်ပိုင်းဒေသရှိ လှပသော ကျေးရွာ၏ နွေဦးရာသီအလှရှုခင်းတွင် စီးမျောခံစားခဲ့ကြသည်။

ထွန်ရှန်းမြို့နယ် ၀ူထွန်ရပ်ကွက်ရှိ ထောင်ယွမ်ရွာတွင် သမိုင်းကြာရှည်ရှိ အသီးရှယ်လီ(မက်မန်းသီးတစ်မျိုး)ကို တရုတ်ဧကမို ၁၇၀၀ ကျော်စိုက်ပျိုးထားရှိ၍ တစ်နှစ်တွင်အသီး တန် ၆၀၀ ကျော်ထွက်ရှိပါည်။ ထောင်ယွမ်ရွာသည် လှပသောကျေးရွာကို တည်ဆောက်၍ တပြိုင်နက်တည်းတွင် “ရှယ်လီ+ယဉ်ကျေးမှု+ခရီးသွားလာရေး” ဟူသောထူးခြားချက်ရှိသည့် ယဉ်ကျေးမှုနှင့် ခရီသွားလာရေး လုပ်ငန်းကိုလည်း တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်စေပါသည်။
ဆောင်းပါးအရင်းအမြစ်။ ။“ဆင်ဟွာကွန်ရက်”