ဧပြီလတွင် ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားများနှင့်အတူ အားပါးတရ ပျော်ရွှင်ပါ

2019-04-02 18:54:15 |သတင်းအရင်းအမြစ်

တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုး ၅၆ မျိုးအနက် ၂၅ မျိုးသည် ယူနန်ပြည်နယ်တွင် နေထိုင်ကြသည်။ ဤတိုင်းရင်းသားများနေထိုင်ရာတွင် နှစ်တစ်နှစ်၏ အစမှအဆုံးအထိ အမျိုးသားပွဲတော်များကျင်းပသော အခါသမယတွင် မိမိလူမျိုး၏ဓလေ့အတိုင်း အားပါးတရ ပျော်ရွှင်စွာဆင်နွှဲကြသည့်အပြင် နေရာအသီးသီးမှ လာရောက်သော ခရီးသွားဧည့်သည်များအတွက် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို သိရှိနားလည်ခြင်းနှင့် ပျော်ရွှင်မှုကို မျှဝေခံစားခြင်း များကိုလည်း စီစဉ်ဆောင်ရွက်ရန် အခွင့်အခါ အသင့်တော်ဆုံးအချိန် ဖြစ်ပါသည်။

ဗူးသီးပွဲတော်

ကျင်းပသည့်အချိန် ။ ။ ဧပြီလ ၈ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ
ကျင်းပသည့်နေရာ ။ ။ ဖူအလ်မြို့နယ်၊ လန်ချန်ခရိုင်

လှုပ်ရှားမှု ။ ။ ဟူလိုပွဲတော်သည် လားဟုလူမျိုးဆိုင်ရာ အခမ်းနားဆုံး အကြီးကျယ်ဆုံး ရိုးရာပွဲတော် ဖြစ်ပါသည်။ ဟူလိုပွဲတော် ကျင်းပရာတွင် ကျေးရွာအသီးသီးရှိ လားဟုလူမျိုးများသည် ကိုယ့်ရပ်ရွာရှိ ကွင်းပြင်ရင်ပြင်တွင် စုစည်းပြီး ထွန်းလင်းတောက်ပ ရွှန်းလဲ့တင့်ဆန်းသော ၀တ်စုံများကို ၀တ်ဆင်၍ သီချင်းသီဆိုခြင်း၊ အကတင်ဆက်ခြင်း၊ စားကောင်းသောက်ဖွယ် မျှဝေခံစားခြင်းများကို အားပါးတရ ပျော်ရွှင်စွာဖြင့် ဆင်နွှဲကြပါသည်။

မတ်လပွဲတော်ဈေးတန်း

ကျင်း

ပသည့်အချိန် ။ ။ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့ အထိ

ကျင်းပသည့်နေရာ ။ ။ တာ့လီ

လှုပ်ရှားမှု ။ ။ မတ်လပွဲတော်ဈေးတန်း သည် ယူနန်ပြည်နယ် အနောက်ပိုင်းဆိုင်ရာ သမိုင်းအကြာရှည်ဆုံး အစည်ပင်ဆုံး ဈေးတန်း ဖြစ်သည်။ ရိုးရာယဉ်ကျေးမှု ကူးလူးဖလှယ်သော၊ အားကစားပြိုင်ပွဲများ ကျင်းပသော ခမ်းနားကြီးကျယ်သည့် ပွဲတော်လည်း ဖြစ်ပါသည်။ အဆိုပါပွဲတော်တွင် ဆန်းရဲဈေးတန်းလည်ပတ်သည့်အပြင် တာ့လီမြို့တွင် မြင်းပြိုင်ခြင်း၊ သီချင်းဆိုခြင်း၊ ရိုးရာယဉ်ကျေးမှုတင်ဆက်ခြင်း၊ တိုင်းရင်းသားလူမျိုးအားကစားပြိုင်ပွဲ စသည့်လှုပ်ရှားမှုကိုလည်း ကျင်းပပါသည်။

သင်္ကြန်ပွဲတော်

ကျင်းပသည့်အချိန် ။ ။ ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့ အထိ
ကျင်းပသည့်နေရာ ။ ။ စစ်ဆောင်ပန်းနား၊ ဖူအလ် စသည့်နေရာ

လှုပ်ရှားမှု ။ ။ သင်္ကြန်ပွဲတော်သည် တိုင်သက္ကရာဇ်ဆိုင်ရာ နှစ်သစ်ကူးပွဲတော် ဖြစ်ပါသည်။ တိုင်လူမျိုးဆိုင်ရာ အခမ်းနားဆုံး အကြီးကျယ်ဆုံး ရိုးရာပွဲတော် ဖြစ်ပါသည်။ သင်္ကြန်ပွဲတော် ကျရောက်သည့် အချိန်သမယတွင် အားလုံးအချင်းချင်း ရေပက်ကစား၍ နှစ်သစ်ဆုမွန်ကောင်းများဖြင့် အချင်းချင်း ဆုတောင်းပေးကြပါသည်။ ထို့အပြင် လှေပြိုင်ပွဲ၊ ဖုန်ကောင်းရှင် လှုပ်ရှားမှု၊ ဥဒေါင်းအကကခြင်း စသည့်လှုပ်ရှားမှုကိုလည်း ကျင်းပကြပါသည်။

ပန်းပွဲတော် (နတ်သမီးပွဲတော်)

ကျင်းပသည့်အချိန် ။ ။ မတ်လ ၁၅ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့ အထိ

ကျင်းပသည့်နေရာ ။ ။ နုကျန်းလိစုလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကွန့်ရှမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်

လှုပ်ရှားမှု ။ ။ ပန်းပွဲတော်သည် နုကျန်းပြည်နယ်ခွဲ ကွန့်ရှမ်းခရိုင်ရှိ နုလူမျိုး၏ ရိုးရာပွဲတော် ဖြစ်သည်။ ပန်းပွဲတော်ကို ကျင်းပရာတွင် ကျေးရွာအသီးသီးသည် သဘာဝကျောက်စက်ပန်းဆွဲ ကျောက်နို့တော်ရှိသော လိုဏ်ဂူအား နတ်သမီးလိုဏ်ဂူအနေဖြင့် ပူဇော်ကြသည်။ ပူဇော်ပြီးနောက်တွင် လူပျို၊ အပျိုများသည် ပွဲတော်အလှဝတ်စုံ ၀တ်ဆင်၍ မြားပစ်ပြိုင်ပွဲကို ကျင်းပကြပါသည်။ ညပိုင်းတွင် လူပျို၊ အပျိုများသည် မီးပုံပွဲကျင်းပကာ ညလုံးပေါက် အားပါးတရ သီဆိုကကြပြီး ပျော်ရွှင်စွာ ဆင်နွှဲကြပါသည်။