စိန်ကျိန့်-ကူမင်း ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး “စစ်ဆောင်ပန်းနား”ကျည်ဆန်ရထား ဧပြီလ ၁ ရက်နေ့တွင် စတင်ပြေးဆွဲ

2019-04-03 17:32:27 |သတင်းအရင်းအမြစ် 云南网

ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၃ မိနစ်တွင် အမှတ်-G-၂၉၂၅/၁ (ကူမင်းတောင်ပိုင်းဘူတာရုံ- စိန်ကျိန့်မြောက်ပိုင်းဘူတာရုံ) ကျည်ဆန်ရထားသည် များပြားစုံလင်လှသော စစ်ဆောင်ပန်းနားဆိုင်ရာ လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝရှုမျှော်ခင်းများနှင့်အတူ ကူမင်းတောင်ပိုင်းဘူတာရုံမှ စိန်ကျိန့်မြောက်ပိုင်းဘူတာရုံသို့ တရားဝင် စတင်ပြေးဆွဲသည်။

အဆိုပါရထားသည် ကူမင်းတောင်ပိုင်းဘူတာရုံမှ ထွက်ခွာလာပြီး ချူဂျင့်မြောက်ပိုင်းဘူတာရုံ၊ ကွေ့ရန်မြောက်ပိုင်းဘူတာရုံ၊ ကွမ်ကျိုးတောင်ပိုင်းဘူတာရုံများအား ဖြတ်သန်းသွားကာ နောက်ဆုံးတွင် စိန်ကျိန့်မြောက်ပိုင်းဘူတာရုံကို ရောက်ရှိသည်။ ဤခရီးစဉ်သည် ခရီးတာ ၁၄၃၂ ကီလိုမီတာရှိ၍ ခရီးသွားချိန် ၇ နာရီ ၁၁ မိနစ် လိုအပ်သည်။ ကျည်ဆန်ရထားအမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ ကျော်ရှိသည်။

“စစ်ဆောင်ပန်းနား”ကျည်ဆန်ရထားပေါ်တွင် စစ်ဆောင်ပန်းနားဆိုင်ရာ ခရီးလှည့်လည် ကြည့်ရှုနေရာများ၊ ခရီးစဉ်အကြောင်းအရာနှင့် ရိုးရာယဉ်ကျေးမှုများကို ဘက်စုံထောင့်စေ့စွာ ဖော်ပြထားပါသည်။ အဆိုပါ လမ်းကြောင်းဖွင့်လှစ်ပေးခြင်းသည် မီးရထားလမ်းနှင့် ခရီးသွားလာရေးကို ပေါင်စပ်ဖွံ့ဖြိုးတိုးတက်ရန် လမ်းကြောင်းအသစ်ကို စူးစမ်းရှာဖွေ၍ လမ်းကြောင်းတစ်လျှောက်ရှိ မြို့ပြဆိုင်ရာ အဓိက ခရီးသွားဈေးကွက်များကို ချဲ့ထွင်နိုင်သည့်အပြင် စစ်ဆောင်ပန်းနားကို ပိုမိုသိရှိနိုင်စေရန် ပြတင်းပေါက်တစ်ခု ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ပါသည်။