တရုတ်ချင်းမင်ပွဲဓလေ့ သိကောင်းစရာများ

2019-04-04 17:44:41 |သတင်းအရင်းအမြစ် 云桥网

ချင်းမင်ပွဲတော်သည် တရုတ်လူမျိုးတို့၏ ရိုးရာပွဲတော် ဖြစ်သည်။ ဧပြီလ(၅)ရက်နေ့ ရှေ့နောက်တွင် ဆင်နွှဲလေ့ရှိသည်။ တရုတ်နိုင်ငံနည်းတူ ကမ္ဘာပေါ်ရှိ အခြားသောနိုင်ငံနှင့်ဒေသများတွင်လည်း ချင်းမင်ပွဲတော်ကို ဆင်နွှဲလျက်ရှိသည်။ ဗီယက်နမ်၊ ကိုးရီးယား၊ မလေးရှား၊ စင်္ကာပူ စသည့်နိုင်ငံများ အပါအ၀င် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ချင်းမင်ပွဲတော်ဓလေ့ထုံးစံများ ဘာတွေရှိလဲဆိုတာ အတူတူ လေ့လာကြည့်ရအောင်။

ကွယ်လွန်သွားသည့် ဘိုးဘွားဆွေမျိုးများကို ပူဇော်ကန်တော့ခြင်းနှင့် အုတ်ဂူသန့်ရှင်းရေးပြုလုပ်ခြင်း

တရုတ်သမိုင်းတွင် ချင်းမင်ပွဲတော်တွင် ကွယ်လွန်သွားသည့် ဘိုးဘွားဆွေမျိုးကို ပူဇော်ကန်တော့ခြင်းနှင့် သင်္ချိုင်းသို့ သွားရောက်ပြီး အုတ်ဂူသန့်ရှင်းရေးပြုလုပ်ခြင်းသည် ယခုခေတ်ထိတိုင် ဆင်းသက်လာသော ရိုးရာဓလေ့ဖြစ်သည်။ ယနေ့ခေတ်တွင် ချင်းမင်ပွဲတော်ရှေ့နောက်ရက်များတွင် မိမိတို့၏ ဘိုးဘွားဆွေမျိုးအုတ်ဂူရှိရာ သင်္ချိုင်းသို့ သွားရောက်ပြီး သန့်ရှင်းရေး ပြုလုပ်ကြသည်။ ဘိုးဘွားဆွေမျိုးအား အောက်မေ့သတိရမှုကိုလည်း ဖော်ပြရာရောက်သည်။

နွေဦးရာသီတွင် ဆင်ခြေဖုံးရပ်ကွက်သို့ သွားလည်ပတ်ခြင်း

ချင်းမင်အခါ နွေဦးရာသီတွင် ဆင်ခြေဖုံးရပ်ကွက်သို့ သွားရောက်သင့်သည့် ရာသီကောင်းဖြစ်သည်။ သင်္ချိုင်းကို သွားရောက်ပြီး သန့်ရှင်းရေးပြုလုပ်ကာ မိသားစုတို့သည် တောတောင်ရေမြေများနှင့် သဘာဝ နွေဦးအလှတရားကို သွားရောက်ရှုစားလေ့ ရှိကြသည်။ ထို့ကြောင့် ဆင်ခြေဖုံးရပ်ကွက်သို့ သွားရောက်ခြင်းသည်လည်း ချင်းမင်ပွဲတော်တွင် အရေးပါသော လှုပ်ရှားမှုတစ်ရပ် ဖြစ်နေသည်။

မိုးမခပင်ကို စိုက်ပျိုးခြင်း

ချင်းမင်ပွဲတော်သည် မိုးမခပင် ခပ်နုနု အဖူးအညွန့် အညှောင့်ထွက်သည့်အချိန် ဖြစ်သည်။ ချင်မင်းပွဲတော်ကာလတွင် မိုးမခပင်အကိုင်းအခက်ချိုးခြင်း၊ မိုးမခပင်အုပ်ထုပ်ဆောင်းခြင်း၊ မိုးမခပင်စိုက်ခြင်းဓလေ့များ ရှိပါသည်။

အပန်းဖြေခြင်း

အဆိုပါဓလေ့များအပြင် ချင်မင်းပွဲတော်တွင် အပန်းဖြေခြင်းဓလေ့များ ရှိပါသည်။ ဥပမာဆိုရလျှင် လွန်ဆြွဲ့ပိုင်ပွဲ၊ စွန်လွှတ်ခြင်း၊ ဒန်းစီးခြင်း၊ မြှားပစ်ခြင်း၊ ကြက်တိုက်ပြိုင်ပွဲ၊ ဘောလုံးကန်ခြင်း စသည့်လှုပ်ရှားမှုများကို ကျင်းပလေ့ရှိသည်။ ၎င်းအပန်းဖြေခြင်းဓလေ့သည် ပြည်သူလူထု၏ နှစ်သက်အားပေးမှုများစွာ ခံရပါသည်။

(Yunnan Gateway)