ဧပြီလမှာ ကျင်းပတဲ့ ယူနန်က သင်္ကြန်ပွဲတော်မှာ အတူဆင်နွှဲကြရအောင်လား

2019-04-10 18:49:13 |သတင်းအရင်းအမြစ် 云桥网

နှစ်စဉ်နှစ်တိုင်း ဧပြီလရောက်တိုင်း အတာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပလေ့ရှိပါတယ်။

ဒီလို ကြီးကျယ်ခမ်းနားတဲ့ သင်္ကြန်ပွဲတော်မှာ အတူဆင်နွှဲနိုင်ဖို့ ယူနန်မှာ ဆုံဆည်းကြပါစို့လား။

သင်္ကြန်ပွဲတော်မှာ ဆန်းတင့်ဝေဆာလှတဲ့ နေ့ထူးနေ့မြတ်လှုပ်ရှားမှုတွေ အမျိုးမျိုး ကျင်းပတယ်။ တိုင်လူမျိုး စားကောင်းသောက်ဖွယ်တွေကိုလည်း မြည်းစမ်းသုံးဆောင်နိုင်ပါတယ်။

ကျွန်မ LMp နဲ့အတူ ၂၀၁၉ ခုနှစ် ယူနန် အတာသင်္ကြန်ပွဲတော်မှာ ကျင်းပမယ့်လှုပ်ရှားမှုတွေကို လေ့လာကြည့်ကြရအောင်။

ပျော်ရွှင်မြူးတူးစွာ ရေပက်ကစား

ပရိသတ်များဟာ ရေပက်ကစားရင်း ပေါ့ပါးဖျတ်လတ်စွာ ကခုန်ကြတယ်။ အော်ဟစ်ပျော်မြူးကြတယ်။ ရေသေနတ်၊ ရေပြွန်၊ ရေဖလား စတဲ့ ရေပက်တဲ့ကိရိယာမျိုးစုံ ကိုယ်စီကိုင်ပြီး ပျော်ရွှင်မြူးတူးကြတယ်။ တအား ကြီးကျယ်ခမ်းနားပါတယ်။ မရပ်မနား အားပါးတရ ရေပက်ကစားကြတယ်။

နဂါးလှေပြိုင်ပွဲ

ကျယ်လောင်တဲ့ အော်ဟစ်အားပေးသံ၊ သြဘာလက်ခုပ်သံတွေကို ကြားနေရတာဟာ နဂါးလှေပြိုင်ပွဲ ပါဝင်ဆင်နွှဲတဲ့ လက်ရွေးစင်တွေအတွက် အားမာန်ပြည့်လျှမ်းစေပါတယ်။ အင်အား၊ စည်းလုံးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်တယ်။

အဆိုအက တင်ဆက်ပွဲ

နဂါးလှေပြိုင်ပွဲဟာ အားမာန်တွေနဲ့ ပြည့်လျှမ်းတဲ့ ယှဉ်ပြိုင်မှုလို့ဆိုရင် ဒေါင်းအကဟာ နူးညံ့သိမ်မွေ့တယ်လို့ သင်္ကေတပြု ဆိုနိုင်ပါတယ်။ ဒီလိုတင်ဆက်တွေနဲ့ အတာသင်္ကြန်ပွဲတော်ဟာ ဆွဲဆောင်မှု ပြည့်နှက်ပါတယ်။

မီးပုံးပျံ

ညပိုင်းမှာ စစ်ဆောင်ပန်းနား ကျောင်ကျွမ်ရှီစွန် ရွှေတိဂုံစေတီမှာ ပရိသတ်တို့က မီးပုံးပျံတွေကို ကိုင်ထားပြီး မီးညှိတယ်။ ကောင်းမွန်တဲ့ဆုတောင်းနဲ့ မျှော်မှန်းချက်တွေနဲ့အတူ ကောင်းကင်ကို ပျံတက်သွားတဲ့မီးပုံးပျံဟာ မြင့်တဲ့နေရာကို ပျံဝဲသွားတယ်။ ဒီမြင်ကွင်းဟာ ညပိုင်းရဲ့ ကောင်းကင်ယံမှာ သောင်းနဲ့ချီတဲ့ ကြယ်တွေ ထွက်ပေါ်လာလိုပဲ တအားလှပါတယ်။

ဒါ့အပြင် ဘုရားရေသပ္ပာယ်တာ၊ ပံသကူပစ်တာ၊ ဈေးရောင်းပွဲ၊ နယ်စပ်ဒေသကုန်စည်ပြပွဲ၊ စားကောင်းသောက်ဖွယ်ရောင်းပွဲ စတဲ့လှုပ်ရှားမှုတွေဟာ ပရိသတ်တွေ အမျှော်လင့်ဆုံးသော လှုပ်ရှားမှုများ ဖြစ်တယ်။

အစီအစဉ်အသေးစိတ် လေ့လာကြည့်ရအောင်။
ကျွန်မ LMp ဟာ ယူနန်ပြည်နယ် ဒေသအသီးသီးမှာ ကျင်းပတဲ့ ၂၀၁၉ ခုနှစ် အတာသင်္ကြန်ပွဲတော် အစီအစဉ်ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

ကူမင်းသင်္ကြန်ပွဲတော်

အချိန် ။ ။ ဧပြီလ ၁၃ ရက်မှ ၂၀ ရက်
နေရာ ။ ။ ယူနန်တိုင်းရင်းသားလူမျိုးစုကျေးရွာ

စစ်ဆောင်ပန်းနားသင်္ကြန်ပွဲတော်

အချိန် ။ ။ မီးပုံးပျံလွတ်မယ့်အချိန် (ဧပြီလ ၁၃ ရက် ည ၈ နာရီမှ ၁၀ နာရီခွဲ)၊ ရေပက်ကစားမယ့်အချိန် (ဧပြီလ ၁၅ ရက် နံနက် ၁၁ နာရီ- ညနေ ၄ နာရီ)

နေရာ ။ ။ မီးပုံးပျံလွတ်မယ့်နေရာ -- နဂါးရင်ပြင်ရှုစားရာနေရာရှေ့၊ လန်ချန်းမြစ် မြစ်နံဘေးရှုစားရာ နေရာရှေ့၊ ကျောင်ကျွမ်ရှီစွန်ကျင့် ဈေးရောင်းပွဲ။ ရေပက်မယ့်နေရာ -- သင်္ကြန်ရင်ပြင်၊ လန်ချန်းမြစ် မြစ်နံဘေးရှုစားရာ နေရာရှေ့၊ မြို့ပြအဓိကလမ်ကြောင်း။

တယ်ဟုန်သင်္ကြန်ပွဲတော်

အချိန် ။ ။ ဓလေ့ထုံးစံလှည့်လည်ဖျော်ဖြေပွဲ (ဧပြီလ ၁၂ ရက် နံနက် ၁၀ နာရီ--၁၂ နာရီခွဲ)၊ မင်္ဂလာရေဖြင့် ကောင်းမွန်သောဆုတောင်းပေးခြင်း၊ သောင်းနဲ့ချီသော ပြည်သူလူထု အတူရေပက်ကစားခြင်း(ဧပြီလ ၁၂ ရက် မွန်းလွဲ ၁ နာရီ--၅ နာရီခွဲ)
နေရာ ။ ။ မန်စီမြို့၊ မန်စီရင်ပြင်

လုံးချွန်သင်္ကြန်ပွဲတော်

အချိန် ။ ။ ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်
နေရာ ။ ။ လုံးချွန်ခရိုင် ကျင်ဟန်တိုင်လူမျိုးယဉ်ကျေးမှုစင်တာ ယွီထူသင်္ကြန်ရင်ပြင်