"ကျွနှ်ပ်တို့၏ ပိုးလမ်းမ" ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ပထမဆုံး ပူးပေါင်းရိုက်ကူးသော "ပုဂံရတနာသိုက်" ရုပ်ရှင် စာနယ်ဇင်းမိတ်ဆက်ပွဲ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်

2019-04-24 18:57:51 |သတင်းအရင်းအမြစ်

သတင်းထောက် ။ ။ Zaw Ye Aung

တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်း ၂၀၂၀ ခုနှစ်တွင် နှစ် ၇၀ ပြည့် အထိမ်းအမှတ်နှင့် ဒုတိယအကြိမ် "the Belt and Road" ထိပ်သီးအစည်းအဝေး ပေကျင်းမြို့တွင် ကျင်းပခြင်းကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြုလုပ်သော "ကျွနှ်ပ်တို့၏ပိုးလမ်းမ" ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ပထမဆုံးပူးပေါင်းရိုက်ကူးသော "ပုဂံရတနာသိုက်" ရုပ်ရှင် စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမူစင်တာ၌ ၂၀၁၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၂:၃၀ အချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါစာနယ်ဇင်းမိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမူဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ သံမှူးကြီး Ms. Li Xiao yan၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံတရုတ်စီးပွားရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာ-တရုတ်ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်း၊ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများနှင့် ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အဓိကပံ့ပိုးသူများ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ တတ်ရောက်ခဲ့ကြသည်။

တရုတ်ယဉ်ကျေးမူစင်တာတွင် ပြသထားသည့် ဓာတ်ပုံများသည် "ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဓာတ်ပုံပြပွဲကြီး" တွင် ဓာတ်ပုံဆရာ ၃၃၀ ကျော်မှ ရိုက်ကူးထားသော ရင်သပ်ရူမောဖွယ်ရာ လှပသောသဘာဝအလှတရားများနှင့် ပြည့်နှက်နေသည့် ထူးခြားပြောင်မြောက်လှသော ဓာတ်ပုံပေါင်း ၈၀၀၀ ကျော်အနက်မှ ရွေးချယ်ထားသည့်ဓာတ်ပုံများကို ပြသထားခြင်း ဖြစ်သည်။ "ကျွနှ်ပ်တို့၏ပိုးလမ်းမ" ဓာတ်ပုံပြပွဲတွင် ဓာတ်ပုံပေါင်း ၆၀ ပြသထားပြီး မြန်မာနိုင်ငံမှ ရိုက်ကူးထားသောဓာတ်ပုံ ၄ ပုံ ပါဝင်ကြောင်း သိရသည်။ ပြသထားရှိသော ဓာတ်ပုံများသည် ခေတ်သစ်ပိုးလမ်းမကြီးပေါ်ရှိ မတူညီသောနိုင်ငံများနှင့် လူမျိုးစုများ၏ သဘာဝရှုခင်း၊ လူမှုယဉ်ကျေးမူနှင့် ချမ်းမြေ့သာယာဖွယ် ကောင်းသောဘဝအတွက် ကြိုးပမ်းအားထုတ်မူများကို ဖော်ပြထားခြင်း ဖြစ်သည်။ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" အဆိုပြုချက်ကို တရုတ်နိုင်ငံမှ စတင်ခဲ့သော်လည်း တစ်ကမ္ဘာလုံးက ပိုင်ဆိုင်ပြီး အဆိုပါအဆိုပြုချက်အရ "ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မူ၊ သဘောထားပြည့်ဝစွာ ပွင့်လင်းမြင်သာမူ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် နည်းနာယူမူ၊ နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးရှိမူ" ဆိုသည့် ပိုးလမ်းမစိတ်ဓာတ်သည် နိုင်ငံအသီးသီး၏ စီးပွားရေး၊ ယဉ်ကျေးမူ၊ ခရီးသွားလုပ်ငန်း အစရှိသည့်လုပ်ငန်းများကို ဖြည့်တင်းပေးနိုင်သည့်အပြင် နိုင်ငံအသီးသီးရှိ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမူကိုလည်း မြှင့်တင်စေနိုင်သည်။

"ပုဂံရတနာသိုက်" ရုပ်ရှင်သည် "Lost in Thailand" နမူနာပုံစံ မြန်မာဇာတ်ကားဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အနေဖြင့် ပထမဆုံး ပူးပေါင်းစီစဉ်ရိုက်ကူးမည့် ဇာတ်လမ်းတစ်ခု ဖြစ်သည်။ အဆိုပါဇာတ်ကားအတွက် နှစ်နိုင်ငံယဉ်ကျေးမူများ၊ ရိုးရာဓလေ့များ၊ ရှုခင်းများ၊ ဘာသာတရားကိုးကွယ်မူများကို လေ့လာကာ လိုအပ်သည့်အပိုင်းများကို ခြောက်လခန့် ကြိုတင်ပြင်ဆင်ခဲ့ရကြောင်း သိရသည်။ "ပုဂံရတနာသိုက်" ရုပ်ရှင်ဇာတ်ကား၏ အဓိကရည်ရွယ်ချက်မှာ တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်း ၂၀၂၀ ခုနှစ်တွင် နှစ် ၇၀ ပြည့် အထိမ်းအမှတ်နှင့် ဒုတိယအကြိမ် " the Belt and Road " ထိပ်သီးအစည်းအဝေး ပေကျင်းမြို့တွင် ကျင်းပခြင်းကို ဂုဏ်ပြုကြိုဆိုရန် ဖြစ်သည်။ ၎င်းဇာတ်ကားကို တရုတ်ဖက်မှ TWF Company နှင့် Good Fortune Investment Company တို့မှစီစဉ်ပြီး International Travel Asia Company နှင့် Brave Empire Enterainment တို့မှအကျိုးတူပူးပေါင်း ရိုက်ကူးမည့်ဇာတ်ကားဖြစ်ကာ မြန်မာနိုင်ငံဖက်မှ ရုပ်ရှင်သရုပ်ဆောင် ဝတ်မူံရွှေရည်နှင့် နိုင်းနိုင်း တို့ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံဖက်မှ ရုပ်ရှင်သရုပ်ဆောင်အများအပြား ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။ ပုဂံရတနာသိုက်ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးအောင် ရိုက်ကူးပြုလုပ်သွားဖြစ်ပြီး ရိုက်ကူးမူအပြီးသတ်ဆောင်ရွက်ပြီးစီးပါက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် ရုံတင်ပြသသွားမည် ဖြစ်ကြောင်းသိရသည်။