ယူနန်မွန်ကျီ စိန်ပန်းပွင့်ချိန်

2019-05-07 17:18:41 |သတင်းအရင်းအမြစ် 新华网

မေလရောက်ရှိချိန်တွင် ယူနန်ပြည်နယ် မွန်ကျိမြို့ရှိ ထောင်နှင့်ချီသော စိန်ပန်းများသည် တဖြည်းဖြည်း တစစ ဝေေ၀ဆာဆာ ပွင့်လာပြီး စိန်ပန်းလမ်း၊ နန်ဟူကန်တော်ဥယျာဉ်၊ ၀န်လန်သစ်တောဥယျာဉ်၊ တျိန်နန်မြက်နုရာအရပ်များတွင် နီရဲရဲ စိန်ပန်းပွင့်များဖြင့် ဖုန်းလွှမ်းနေပါသည်။ စိန်ပန်းပင်ကို ဇာမဏီငှက်ပင်၊ Delonixregia၊ မီးပန်းပင် ဟုလည်း ခေါ်သည်။ စိန်ပန်းသည် မေလတွင် ပန်းပွင့်လေ့ရှိပြီး ပွင့်ဖတ်(၅)ဖတ်ရှိကာ နီရဲရဲနှင့် ၀ါနုရောင် အနည်းငယ်ရောစပ်လျက် ရှိသည်။ ၎င်းသည် တစ်စုတစ်စည်း၊ ပြွတ်သိပ်စွာ ပွင့်နေကာ တစ်မြို့လုံးကို သာယာလှပစွာ တန်ဆာဆင်ထားပါသည်။