နွေရာသီစတင်ဝင်ရောက်သည့် အချိန်အခါသည် နွေဦးရာသီ နွေရာသီ၏အစပင် ဖြစ်ပါသည်။
သို့သော် ကုန်းပြင်မြင့်ရာသီဥတုလွှမ်းမိုးနေသော ယူနန်ပြည်နယ် တီချင့်တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ နွေဦးကာလသည် ယခုအချိန်မှ စတင်ကျရောက်ပါသည်။
ဆီးနှင်းတောင်ထိပ်တွင် ဆီးနှင်းဖြူများ လွှမ်းခြုံနေသေးသော်လည်း တောင်တန်းဒေသတွင် စိမ်းလန်းစိုပြေနေသည်။ နတ်ဖတ်ဟိုင်စိမ့်မြေဒေသတွင် ရေအပြည့်ဖြင့် သာယာလှပပါသည်။ ကုန်းပြင်မြင့်စားကျက်မြေရှိ နွားများ၊ ဆိတ်များ အုပ်စုဖွဲ့နေကြ၍ အညွန့်တလူလူနှင့် စီရရီရှိနေသည်။ စိမ်းလန်းသော မိုးမခပင်မှာ အရွက်သစ်များ ထွက်ပေါ်နေသည်။ ဇလပ်နီပန်းပင်များသည် ဝေေ၀ဆာဆာ ပွင့်နေကြသည်။ ရှေးဟောင်းမြို့Dukezong မြို့နှင့် Songzanlin ကျောင်းသည် တမူထူးကဲသော နွေဦးအရောင် ဖြစ်ပေါ်နေသည်။
ရှန်ဂရီလာရှိ သာယာလှပသော ရှုခင်းများသည် နွေဦးရာသီ သို့မဟုတ် နွေရာသီ ဟုပင် ခွဲခြားရန် ခက်ခဲနေပြီး အိပ်မက်ထဲတွင်သာ တွေ့မြင်နိုင်သောနတ်ရွာအလား ဖြစ်နေပါတော့သည်။