တောတောင်အနှံ့တွင် ဇလပ်နီပန်း ဝေေ၀ဆာဆာပွင့်နေသော ရှန်ဂရီလာမြို့၏ မေလသည် အလှဆုံး ပန်းပင်လယ်၊ ပန်းနတ်ရွာ ဖြစ်နေ

2019-05-10 18:20:21 |သတင်းအရင်းအမြစ် 云桥网

နှစ်စဉ်နှစ်တိုင်း ဧပြီလမှ မေလ အထိ ရှန်ဂရီလာမြို့ အရှေ့ဖက်ခရီးလှည့်လည်လမ်းကြောင်းရှိ တောတောင်အနှံတွင် ဇလပ်နီပန်းများ ဝေေ၀ဆာဆာပွင့်နေပြီး ၅၀ ကီလိုမီတာခန့်ရှိ၍ အင်မတန် ခန့်ညားလှပါသည်။

လမ်းကြောင်းအလိုက် နိမ့်ချည်မြင့်ချည် မပြတ်မလပ် ဆက်စပ်လျက်ရှိသော တောတောင်များတွင် လျှိုမြောင်များ ဒေါင်လိုက်၊ အလျားလိုက် ဆက်စပ်၍ စိမ်းလန်းစိုပြေလှသည်။ ဝေေ၀ဆာဆာ ပွင့်နေသော ဇလပ်နီပန်းများသည် ပန်းပင်လယ်အဖြစ် အလှဆင်မွမ်းမံထားသကဲ့သို့ ဖြစ်သည်။

ဘားလားကဇုန်း

မေလ လကုန်မှစ၍ ဇွန်လ အထိ ဘားလားကဇုန်းနေရာဒေသသည် ဇလပ်နီပန်းပင်လွင်ပြင် ဖြစ်လာသည်။

ပိုင်မာဆီးနှင်းတောင်

မေလ မှစ၍ ဇူလိုင်လ အထိ ပိုင်မာဆီးနှင်းတောင်ရှိ ဇလပ်နီပန်းများ လှပစွာပွင့်သော အချိန်ကာလ ဖြစ်၍ တောတောင်အနှံ့ရှိ ပန်းပင်များလည်း ရောင်စုံလှပစွာ ပွင့်နေသည်။ တောအုပ်တွင် ငှက်ကလေးများသည်လည်း သာယာစွာ အော်မြည်နေပါသည်။ အဆိုပါရှုခင်းများသည် ပိုင်မာဆီးနှင်းတောင်အတွက် နောက်ခံကားချပ်အနေဖြင့် ရှိနေပြီး ပိုင်မာဆီးနှင်းတောင်ရှုခင်းများသည် တမူထူးခြား လှပသာယာနေ၍ လူအများကို စွဲလန်းနစ်မွမ်းစေသည်။

ဝေရှီးခရိုင်

ဧပြီလမှ မေလ အထိ ဝေရှီးခရိုင် ယုန်ချွန်းရွာစု စိဘောင်ရွာ ဂျိန်းရှန်းလီတွင် ပန်းပင်လယ်ရှိနေ၍ ဇလပ်နီပန်းများသည် သူ့ထက်ငါဦးစွာနှင့် ပွင့်နေပြီး တောတောင်အနှံ့တွင် ပန်းပင်လယ်ခင်းထား၍ စိမ်းလန်းသော ပြာလဲ့လဲ့ စိမ်းရင့်ရင့် တောတောင်ရေမြေအတွက် အလှဆင်မွမ်းမံလျက်ရှိသည်။