နွေရာသီအစတွင် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲအတွင်း သစ်ခွပန်းများ အပြိုင်အဆိုင် ပွင့်ဖူးလျက်ရှိကာ ဝေေ၀ဆာဆာ တင့်တယ်လှပနေပါသည်။
သစ်ခွပန်းသည် ‘တရုတ်နိုင်ငံ နတ်ပန်းနတ်ပင်(၉)မျိုး’၏ ပထမနေရာတွင် ရပ်တည်လျက်ရှိပြီးလူသိများကာ ချီးကျူးမှုများစွာခံရသည်။ တန်ဖိုးရှိသော ဆေးဖက်ဝင်အကျိုးအာနိသင်ရှိပါသည်။ တရုတ်နိုင်ငံတွင် အမျိုးအစား(၁၁၄)မျိုးပျံ့နှံ့လျက်ရှိကာ တယ်ဟုန်ပြည်နယ်ခွဲတွင် (၅၆)မျိုးရှိပါသည်။ ၎င်းအနက် ယူနန်ပြည်နယ် ထုံးဖီကွမ် ပြည်နယ်အဆင့်သဘာဝထိန်းသိမ်းရေးဇုန်တွင် အများအပြား ပျံ့နှံ့လျက်ရှိကာ တရုတ်တစ်နိုင်ငံလုံး၏ ၄၉ % ရှိသည်။
ထုံးဖီကွမ် ပြည်နယ်အဆင့်သဘာဝထိန်းသိမ်းရေးဇုန်သည် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့်ရာသီဥတု ရှိသည့်အတွက်ကြောင့် သစ်ခွပန်းအတွက် သာယာလှပသော နေထိုင်ရှင်သန်မှုပတ်ဝန်းကျင်ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ သစ်ခွပန်းသည် စမ်းရေနှင့်ချောင်းရေ နံဘေးတွင်ဖြစ်စေ၊ တောနက်တွင်ဖြစ်စေ၊ သစ်ကိုင်းပေါ်တွင်ဖြစ်စေ မည်သည့်သဘာဝပတ်ဝန်းကျင်တွင်မဆိုရှင်သန်လေ့ရှိပါသည်။ မိုးရေချိန် (၁၀၀၀)မီလီမီတာအထက်ရှိသော ဒေသကို ကြိုက်နှစ်သက်သည်။
ယခုအချိန်တွင် တယ်ဟုန်ပြည်နယ်ခွဲသည် သစ်ခွပန်း(၅၆)မျိုးပျံ့နှံ့လျက်ရှိသော အဓိကဒေသကို ယူနန်ပြည်နယ် ထုံးဖီကွမ် ပြည်နယ်အဆင့်သဘာဝထိန်းသိမ်းရေးဇုန်နှင့် ပရဟိတသစ်တောအတွင်းထည့်သွင်း ထိန်းသိမ်းပေးမည်ဖြစ်သည်။
သတင်းထောက်--Wang Huan၊ သတင်းပို့သူ--Gong Qiangbang