ယူနန်ခရီးသွားလမ်းညွှန် ။ ။ ယူနန်ပြည်နယ်၏ အလှပဆုံးနှင်းတောင်(၆)ခုကို လေ့လာရအောင်

2019-05-15 18:36:50 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပြည်နယ်၏ အလှပဆုံးနှင်းတောင်(၆)ခုဆီကို သွားလည်ကြရအောင်
ယူနန်ပြည်နယ်သည် တမူထူးခြားသော တည်နေရာအားသာချက် ရှိသည်။ မြေပြင်အနေအထားမှာ မြောက်ဖက်တွင် မြင့်မားပြီး တောင်ဖက်တွင် နိမ့်ကျသည်။ တောင်ဖက်နှင့်မြောက်ဖက် အနိမ့်အမြင့်ကွာခြားမှု ကြီးမားနေခြင်းသည် ယူနန်ပြည်နယ်၏ တမူထူးခြားသော သဘာဝအလှတရားကို ပေးစွမ်းနေပါသည်။ ယူနန်ပြည်နယ်သည် ကြည်လင်သာယာသော ချောင်းရေနှင့် စိမ်းလန်းစိုပြေသော သစ်တောအလှတရားကို ပိုင်ဆိုင်ထားသည်သာမက ခန့်ညားသောကုန်းမြင့်နှင့် ဖြူဖွေးသောနှင်းတောင် အလှတရားကိုလည်း ရှုစားနိုင်ပါသည်။

၁။ ပိုင်မာနှင်းတောင်

ပိုင်မာနှင်းတောင်သည် ယူနန်ပြည်နယ် တီချင့်တိဗက်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တယ့်ချင်ခရိုင်တွင် တည်ရှိပါသည်။ ဆောင်းရာသီတစ်ခုလုံး ဤနေရာလီပေါင်းတစ်ထောင်တွင် ရေခဲများ ဖုံးလွှမ်းထားသည်။ ဆီးနှင်းတဖွဲဖွဲကျသည်။ ခရီးသည်များသည် ဆီးနှင်းအလှတရားကို ရှုမ၀အောင် ခံစားနိုင်ပါသည်။ နွေရာသ်ီတွင် ပိုင်မာနှင်းတောင်သည် ရေခဲများ ဆီးနှင်းများ အရည်ပျော်သည်။ ဇလပ်နီပန်းပွင့်ဖူးသည်။ ကျေးငှက်များ သီချင်းသီဆိုကာ မျောက်အုပ်စုအချင်းချင်း မြူးထူးစွာ ကစားကြသည်။

၂။ ကဲ့ကျုံနှင်းတောင်

ကဲ့ကျုံနှင်းတောင်သည် ယူနန်ပြည်နယ် တီချင့်တိဗက်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှန်ဂရီလာခရိုင်တွင် တည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၅၃၀၆ မီတာအမြင့် ရှိသည်။ ‘Lost Horizon’ စာအုပ်တွင် ရေးသားထားသည့် အပြာရောင်လျှိုမြောင်သည် ကဲ့ကျုံနှင်းတောင် ကိုရည်ညွန်းခြင်း ဖြစ်သည်။

၃။ ကျောက်ကျီနှင်းတောင်

ကျောက်ကျီနှင်းတောင်သည် ယူနန်ပြည်နယ် ကူမင်းမြို့ လူချွန်ခရိုင်တွင် တည်ရှိပြီး ယူနန်ပြည်နယ်၏ မြို့တော်နှင့် အနီးဆုံးနှင်းတောင် ဖြစ်သည်။ ဤနှင်းတောင်၏ အမြင့်မှာ (၄၀၀၀)မီတာအထက် ရှိသည်။ ‘နွေဦးကရေခဲ၊ ဆောင်းကဆီးနှင်း၊ နွေကပန်းမန်၊ ဆောင်းဦးကမိုးရေ’ ဟူသော ကျောက်ကျီနှင်းတောင်၏ လေးရာသီရှုခင်းအလှသည် ‘ကျောက်ကျီနှင်းတောင်မှာ လေးရာသီခြားနားခြင်း၊ လေးရာသီအလှတရားကွဲပြားခြင်း’ ဟူသော ထူးခြားသောအလှတရားကို ပေါ်လွင်နေစေပါသည်။

၎။ ယွီလုံးနှင်းတောင်

ယွီလုံးနှင်းတောင်သည် နာရှီးလူမျိုးတို့က နတ်တောင် ဟုဆိုကြသည်။ နှင်းတောင်(၁၂)ခုဖြင့် ဖွဲ့စည်းထားသည်။ ၎င်းအနက် ရိုးမတောင်၏ ပင်လယ်ရေမျက်နှာပြင်အထက် ၅၅၉၆ မီတာ ရှိပါသည်။ တစ်နှစ်လုံးတွင် တိမ်နှင်းများစွာ ဖုံးလွှမ်းထားသဖြင့် ယခုအချိန်ထိ တောင်တက်သမား တစ်ဦးတစ်ယောက်မှ တောင်ထိပ်ကိုမတက်ရောက်နိုင်သေးပေ။ နှင်းတောင်အလှတရားဖြစ်သော နှင်းတောင်နယ်မြေ၊ ရေခဲမြစ်၊ ကုန်းမြင့်၊ တောရိုင်းသစ်တောနှင့် နှင်းတောင် စသည်တို့ကို ရှုစားနိုင်ပါသည်။

၅။ မေလီနှင်းတောင်

ခန့်ညားထည်ဝါသော မေလီနှင်းတောင်သည် ယူနန်ပြည်နယ် တီချင့်တိဗက်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တယ့်ချင်ခရိုင်တွင် တည်ရှိသည်။ ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ၆၀၀၀ မီတာ ရှိသော တောင်တန်း (၁၃)ခုရှိပါသည်။ ရိုးမတောင်ဖြစ်သော Kawakarpo တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၆၇၄၀မီတာရှိကာ ယူနန်ပြည်နယ်၏ ပထမဆုံးအထွတ်အထိပ်တောင် ဖြစ်သည်။

၆။ ချန်စန်တောင်

ချန်စန်တောင်သည် တာ့လီမြို့တွင် တည်ရှိပြီး တောင်တန်း(၁၉)ခုဖြင့် ဖွဲ့စည်းထားပါသည်။ မြင့်မားသောချန်စန်တောင်သည် သာယာလှပသော အလ်ဟိုင်ရေကန်အလှတရားနှင့် ထင်ဟပ်လျက် ရှိသည်။ နွေရာသီတွင် ရေခဲနှင့်ဆီးနှင်းသည် အရည်မပျော်သည့်အတွက်ကြောင့် တာ့လီမြို့တွင် နာမည်ကျော်ကြားလှပါသည်။ ချန်စန်အလှတရားအနက် အထူးခြားဆုံးသော အရာတစ်ခုဖြစ်သည်။