မေလ ၁၉ ရက်နေ့သည် တရုတ်နိုင်ငံ ခရီးသွားလာရေးနေ့ ဖြစ်ပါသည်။ ကူမင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနမှ တာဝန်ယူပြီး ကူမင်းမြို့ခရီးသွားလာရေးလုပ်ငန်းကော်မတီ၊ ကူမင်းမြို့ခရီးသွားလာရေးဆိုင်ရာ အများပြည်သူဝန်ဆောင်မှုစင်တာ တို့အတူ ပူးပေါင်းကျင်းပသော ကူမင်းမြို့ရှိ အရည်အသွေးမြင့် ခရီးစဉ်ကို ထုတ်ပြန်ကြေငြာပွဲကို ကူမင်းမြို့ ရှေးဟောင်းဈေးတန်းတွင် ကျင်းပပါသည်။ အရည်အသွေးမြင့်ဘ၀၊ ချမ်းသာသုခခရီးစဉ် ဟူသောခေါင်းစဉ်ဖြင့် ကျင်းပ၍ ကူမင်းမြို့နှင့် အနီးဝန်းကျင် ခရီးစဉ်အသစ် ၁၀ ခုကို ထုတ်ပြန်ကြေငြာသည်။
နှစ်နှစ်တာရှိသော ခရီးသွားလာရေးဈေးကွက်ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းနှင့် “ခရီးသွားလာမှုတော်လှန်ရေး”များကို စီစဉ်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလာရေး လုပ်ငန်းများသည် အားမာန်သစ်ဖြင့် ရှင်သန်တက်ကြွလာပါသည်။ ခရီးသွားသဘောတရားနှင့် ၀န်ဆောင်မှုနည်းလမ်းအသစ်များ ပေါ်ထွက်လာသည်။ အနီးပတ်ဝန်းကျင်ခရီးစဉ်သည် လျင်မြန်စွာ ဖြစ်ထွန်းသွားပါကြောင်းနှင့် လိုအပ်ချက်များကို မူတည်၍ ယခုတစ်ကြိမ် သေချာစွာ စိစစ်ရွေးချယ်ထားသော ခရီးစဉ်အသစ် ၁၀ ခုသည် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ခရီးစဉ်ဆိုင်ရာ ဂန္ထ၀င်မြောက်မှုများ ကျန်ရစ်စေမည်ဖြစ်သည်။ ပန်းတိုင်အသစ်နှင့် ၀န်ဆောင်မှုနည်းလမ်း အသစ်များကိုလည်း ထည့်သွင်းထား၍ ခရီးသည်အတွက် မတူကွဲပြားသော ခရီးသွားအတွေ့အကြုံ ခံစားချက်များရရှိရန် စီစဉ်ပေးထားသည်။ ခရီးစဉ်အသစ် ၁၀ ခုမှာ ကတ်စ(ထ) ထုံးကျောက်မြေအသွင် ရှီလင်ကျူရှန်းတွင် ၁ ရက်တာ လည်ပတ်ခြင်းခရီးစဉ်၊ 《The Myth》ရုပ်ရှင်ရိုက်ကွင်းနေရာ နောက်ခံရှုခင်းရှိသည့် ကျူရှန်းတွင် ၁ ရက်တာ လည်ပတ်ခြင်းခရီးစဉ်၊ အားရှီးမာကိုရှာဖွေရန် ရှီလင်တွင် ၁ ရက်တာ လည်ပတ်ခြင်းခရီးစဉ်၊ ကူမင်းမြို့အနောက်ဖက် ယူနန်တိုင်းရင်းသားကျေးရွာ ကူမင်းတျန်းချီကန်တော်ကြီးတွင် ၁ ရက်တာ လှည့်လည်ကြည့်ရှုခြင်း ခရီးစဉ်၊ ရွှင်တျန့်ရှင်းဟယ်-ဖုန့်လွန် မြစ်ကွေ့တွင် ၂ ရက်တာ ဘတ်စ်ကားဖြင့် လှည့်လည်ကြည့်ရှုခြင်းခရီးစဉ်၊ တန်ဖိုးရှိသော လင်အန်း-ကျန့်ရွှေ ရှေးဟောင်းမြို့တွင် ၂ ည ၃ ရက်တာ ဘတ်စ်ကားဖြင့် လှည့်လည်ကြည့်ရှုခြင်းခရီးစဉ်၊ တွန်းချွန်းအနီရောင်မြေကြီးတွင် လှည့်လည်ကြည့်ရှုခြင်းခရီးစဉ်၊ ဖူချဲဟဲတွင် လှည့်လည်ကြည့်ရှုခြင်းခရီးစဉ်၊ ကူမင်းမြို့ရှေးခေတ်ဘ၀ နေထိုင်မှုကိုခံစားခြင်း နေ့တစ်ဝက် ခရီးစဉ်၊ ပန်းမွှေ့ယာညနေပိုင်း ကူမင်းမြို့ကို လှည့်လည်ကြည့်ရှုခြင်း ခရီးစဉ်များ ဖြစ်ပါသည်။
အဆိုပါနေ့တွင် ကူမင်းမြို့ခရီးသွားလာရေးဆိုင်ရာ အများပြည်သူဝန်ဆောင်မှုစင်တာနှင့် ယူနန်ပြည်နယ်ခရီးသွားလာရေး မော်တော်ယာဉ်ကုမ္ပဏီ တို့အတူ ပူးပေါင်းဆောင်ရွက်သော ကူမင်းချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူမင်းရှေးဟောင်းဈေးတန်း၊ တွတ်နန်ပန်းပင်ဈေးကွက် ဘတ်စ်ကားလမ်းကြောင်းနှင့် ကူမင်း ITC မှ လုဖုန်းခရိုင် ဒိုင်နိုဆောတောင်ကြားသို့ အသွားအလာဘတ်စ်ကားလမ်းကြောင်းဖြစ်သော လမ်းပန်းဆက်သွယ်ရေး စီမံကိန်းကို တရားဝင် စတင်လိုက်သည်။ လုဖုန်းခရိုင် ဒိုင်နိုဆောတောင်ကြားမှ“ဒိုင်နိုဆောအကောင်ငယ်”သည် ကူမင်းမြို့တွင် မြို့သူမြို့သားနှင့်အတူ လှည့်ပတ်ကစားသည့် ကူမင်းမြို့လမ်းပေါ်ရှိ “အမိုက်ဆုံးအကောင်” ဖြစ်ပါသည်။
ယူနန် နိုင်ငံတကာ ခရီးသွားလုပ်ငန်းအေဂျင်စီ ကုမ္ပဏီလီမိတက်မှ CEO ဖြစ်သူ ၀မ်စီးတီက ယခုတစ်ကြိမ် သေချာစွာစိစစ်ရွေးချယ်ထားသော ကူမင်းမြို့ရှေးခေတ်ဘ၀နေထိုင်မှုကိုခံစားခြင်း နေ့တစ်ဝက် ခရီးစဉ်၊ ပန်းမွှေ့ယာညနေပိုင်း ကူမင်းမြို့ကို ကြည့်ရှုလှည့်လည်ခြင်းခရီးစဉ် ၂ ခုသည် ပုံမှန်အားဖြင့် ခရီးသည် ၂ ဦးမှ ၆ ဦး ရှိလျှင် စီစဉ်ပေးသည်။ ကူမင်းမြို့ရှေးခေတ် ဘ၀နေထိုင်မှုကိုခံစားခြင်း နေ့တစ်ဝက်ခရီးစဉ်သည် ကူမင်းမြို့ရှိ ရှေးဟောင်းဈေးတန်းကို လှည့်လှည်ခြင်း၊ ဖူလင်ထောင်ဆေးဆိုင်သွားရောက်လေ့လာခြင်း၊ ကူမင်း ဂျပန်တော်လှန်ရေးအောင်မြင်မှုအောက်မေ့ဖွယ်ပြတိုက် သို့လှည့်လှည်ခြင်းများ စီစဉ်ပေး၍ ကူမင်းမြို့ဆိုင်ရာ ပုံပြင်များ၊ အရသာရှိသောစားစရာများကို မြည်းစမ်းအရသာခံခြင်းဖြင့် သမိုင်းကြောင်းယဉ်ကျေးမှုနှင့်အတူ ကူမင်းမြို့၏အရသာကို ခံစားကြရသည်။ ထို့အပြင် လေယာဉ်ဖြင့် ဓာတ်ပုံရိုက်ခြင်းကိုလည်း စီစဉ်ပေး၍ ခရီးအတွက် ပိုမိုကောင်းမွန်သော ခရီးသွားအတွေ့အကြုံခံစားမှုကို ရရှိနိုင်ပါသည် ဟုပြောသည်။
သတင်းထောက် ။ ။ ဖုန်ရာရှင်း