မေလ(၂၆)ရက်က ကူမင်းမြို့ ကျောင်ရဲဥယျာဉ်တွင် အပြာရောင်၊ အနီရောင်၊ ပန်းရောင် စသည့် ရောင်စုံခြောက်လပန်းများသည် စိမ်းလန်းစိုပြေသောသစ်ပင်များဖြင့် ဆန်းတင့်ဝေဆာလှသော ပန်းမန်ပင်လယ်ကြီးကို ဖန်တီးထားပါသည်။ ခရီးသည်များအား ပန်းမန်အလှတရားကို ရှုစားရန်၊ ဓာတ်ပုံရိုက်ကူးရန် ဆွဲဆောင်လျက် ရှိနေပါသည်။
ယခုနှစ်ပိုင်း ခြောက်လပန်းသည် ကျောင်ရဲဥယျာဉ်၏ နွေရာသီအလှတရား ရှုစားရန် အဓိက ပန်းမန် ဖြစ်လာပါသည်။ ဤပန်းမန်သည် စတင်ပွင့်ဖူးသည့်အခါ အစိမ်းရောင် ဖြစ်သည်။ အချိန်နှင့်အမျှ အဖြူရောင်၊ ပန်းရောင်၊ ခရမ်းရောင် စသည့်အရောင်များသို့ တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ ပန်းအရောင်လည်း ကြော့ရှင်းတင့်တယ်လာမည် ဖြစ်သည်။ ယခုနှစ် ဇွန်လပိုင်းမှစ၍ နှင်းပန်းလည်း အဆက်မပြတ် ပွင့်ဖူးလာမည် ဖြစ်ရာ ခြောက်လပန်းနှင့်အပြိုင် ကျောင်ရဲဥယျာဉ်ကို အလှဆင်ပေးမည် ဖြစ်သည်။ တတိယအကြိမ် နှင်းပန်းနှင့် ခြောက်လပန်း ပန်းပွဲတော်ကို သြဂုတ်လ(၃၁)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။
သတင်းထောက်--Chen Fei