မွန်ဟွမ်ငွေစေတီ ခရီးသည်များ လေ့လာဖူးမြော်ရန် ဖွင့်လှစ်

2019-05-30 18:11:40 |သတင်းအရင်းအမြစ် 云南日报

ယခုရက်ပိုင်း မန်စီမြို့၏ သင်္ကေတအဆောက်အဦးဖြစ်သော မွန်ဟွမ် ငွေစေတီတွင် ခရီးသည်များအတွက် ဖူးမြော်နိုင်ရန် ဖွင့်လှစ်ပေးလျက်ရှိကာ မွန်ဟွမ် ရွှေစေတီ နှင့် “ရွှေတစ်ပါးနှင့် ငွေတစ်ပါးဖြင့် အချင်းချင်း ထင်ဟပ်ခြင်း” ဟူသော ရှုခင်းအလှတရားဖြင့် တင့်တယ်နေပါသည်။ ဒေသခံပြည်သူပြည်သားနှင့် ခရီးသည်များသည် ဖူးမြော်ရန်နှင့် လေ့လာကြည့်ရှုရန် ရွေးချယ်ကြသော နေရာကောင်း ဖြစ်လာပါသည်။

နွေရာသီ၏ ငွေစေတီ တစ်ဝိုက်တွင် လတ်ဆတ်သောပန်းမန်များ ဝေဆာစွာ ဖူးပွင့်လျက်ရှိပြီး ခရီးသည် များပြားလှပါသည်။ ဤရှုခင်းဇုန်သည် ငွေရောင်ကို အဓိကအရောင်အဖြစ် အလှဆင်ခြယ်သမွမ်းမံထားသည်။ သန့်ရှင်းဖြူဖွေးပြီး တည်ကြည်ခန့်ညားသည်။ အရှေ့ဘက်တွင် သာယာလှပသော ဥဒေါင်းရေကန်နှင့် ဆက်စပ်လျက်ရှိကာ လေးဖက်လေးတန်မှ မန်စီမြို့တောင်ပိုင်းဒေသ၏ ရှုခင်းအလှတရားကို ရှုစားနိုင်သည်။ မွန်ဟွမ် ရွှေစေတီနှင့် အတိုင်အဖောက်ညီကြသည့် အတွက်ကြောင့် အရောင်ကွာခြားချက် ထင်ရှားခြင်းဖြင့် တင့်တယ်လှပါသည်။

မွန်ဟွမ်ငွေစေတီသည် လေးယာရိန်တောင်၏ တောင်ထိပ်တွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်းမှာ တရုတ်ဧက (၁၂၀) ရှိပါသည်။ ခန့်မှန်းအားဖြင့် တရုတ်ယွမ်(၁၇၀)သန်း ရင်းနှီးမြှုပ်နှံတည်ဆောက်ထားသည်။ ဤရှုခင်းဇုန်၏ ဒီဇိုင်းမှာ တိုင်လူမျိုး၏ ယဉ်ကျေးမှုကို အဓိကထားပြီး သဘာဝအလှတရားကို ကာကွယ်စောင့်ရှောက်ပေးခြင်းဟူသော အတွေးအခေါ်ကို ထိန်းသိမ်းကာ တိုင်းရင်းသားတို့၏ထူးခြားချက်၊ သမိုင်းယဉ်ကျေးမှုနှင့် သဘာဝရှုခင်းဇုန်ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။

သတင်းထောက်--Guan Yushu