ပူပြင်းလှသော နွေရာသီတွင် ဖူအလ်မြို့၏ စိမ့်မြေအရပ် အလှတရားကို ရှုစားကြစို့

2019-05-31 18:41:47 |သတင်းအရင်းအမြစ် 新华网

စိမ့်မြေအရပ်သည် “ကမ္ဘာ့ကျောက်ကပ်”ဟု တင်စားခေါ်ဝေါ်ခြင်း ခံရပါသည်။ ဇီဝသတ္တဝါ မျိုးစုံခြင်း၊ မြေမျက်နှာပြင်မှ စီးကျသွားသည့် မိုးရေစီးကြောင်းကို ထိန်းညှိခြင်း၊ ရေအရည်အသွေး ကောင်းမွန်အောင် မြှင့်တင်ပေးခြင်း၊ ရာသီဥတု ထိန်းညှိခြင်းနှင့် စားသောက်ကုန်၊ စက်မှုလုပ်ငန်းကုန်ကြမ်းနှင့် ခရီးသွားလာရေးအရင်းအမြစ် ထောက်ပံ့ပေးခြင်း စသည့် လုပ်ငန်းဆောင်တာ အရေးပါဝန်ဆောင်မှု အမျိုးမျိုး ပိုင်ဆိုင်ထားပါသည်။ ယူနန်ပြည်နယ် သစ်တောနှင့် မြက်ခင်းပြင်သယံဇာတ ဦးစီးဌာနမှ ကြေညာသည့် ၂၀၁၈ ခုနှစ် သယံဇာတပြောင်းလဲမှု စစ်ဆေးခြင်းရလဒ်အရ ဖူအလ်မြို့၏ စိမ့်မြေအရပ်ကာကွယ်ရေးအညွှန်းကိန်း တိုးမြှင့်နှုန်းမှာ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့် မြို့ပြ(၁၆)ခုအနက် ရှေ့တန်းနေရာတွင် ရပ်တည်လျက် ရှိနေပါသည်။

ယူနန်ပြည်နယ် စိမ့်မြေအရပ်သည် ချောင်းရေစိမ့်မြေအရပ်၊ ရေကန်စိမ့်မြေအရပ်၊ စိမ့်မြေရပ်မြေနှင့် လူတုစိမ့်မြေအရပ် စသည့်စိမ့်မြေအရပ် (၄)မျိုးရှိပါသည်။ ၎င်းအနက် ချောင်းရေစိမ့်မြေအရပ်တွင် ထာဝရစီးဆင်းသော ချောင်းရေ၊ ရာသီအလိုက် စီးဆင်းသောချောင်းရေ သို့မဟုတ် ကွက်ကြားချောင်းရေနှင့် မြေပြန့်စိမ့်မြေအရပ် စသည့်(၃)မျိုး ရှိပါသည်။ လူတုစိမ့်မြေအရပ်မှာ ရေအိုင်၊ တူးမြောင်းနှင့် တံငါလုပ်ငန်းမွေးမြူရေးစခန်း စသည့်(၃)မျိုးရှိပါသည်။ ရေကန်စိမ့်မြေအရပ်မှာ အမျိုးအစား(I)ထာဝရရေချိုရေကန်သာ ရှိပါသည်။ စိမ့်မြေရပ်မြေမှာမူ မြေနိမ့်အရပ်ဖြစ်ပါသည်။ စိမ့်မြေအရပ်၏ စုစုပေါင်းဧရိယာအကျယ်အဝန်းမှာ (၇၂၁၂၉.၂၇) ဟက်တာရှိပြီး ၎င်းအနက် သဘာဝစိမ့်မြေရပ်မြေမှာ (၃၀၇၄၈.၈၁) ဟက်တာရှိကာ လူတုစိမ့်မြေရပ်မြေမှာ (၄၁၃၈၀.၄၆)ဟက်တာ ရှိသည်။

ထို့ပြင် ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ဖူအလ်မြို့၏ သဘာဝစိမ့်မြေရပ်မြေ၏ ဧရိယာအကျယ်အဝန်းမှာ (၄၅၆.၇၇)ဟက်တာကို တိုးမြှင့်ကာ လူတုစိမ့်မြေရပ်မြေ၏ ဧရိယာအကျယ်အဝန်းမှာ (၄၀၇.၁၅) ဟက်တာကို တိုးမြှင့်သည်။ စိမ့်မြေရပ်မြေ၏ ကာကွယ်မှုနှုန်းမှာ ၂၀၁၇ ခုနှစ်၏ ၂၃.၂၉% မှ ၆၄.၄၈%ထိ တိုးမြှင့်ခဲ့သည်။ သဘာဝစိမ့်မြေရပ်မြေ၏ ကာကွယ်မှုနှုန်းမှာ ၂၀၁၇ ခုနှစ်၏ ၇.၁၇% မှ ၄၂.၂၈% ထိ တိုးမြှင့်ခဲ့သည်။

ပုံနှင့်စာ--ဖူအလ်မြို့ သစ်တောရေးနှင့်မြက်ခင်းပြင်သယံဇာတဌာန