နဂါးလှေပွဲတော်ကြိုဆို ကောက်ညှင်းထုပ်အမွှေးနံ့ပျံနှံ

2019-06-03 18:32:00 |သတင်းအရင်းအမြစ် 云南日报

နဂါးလှေပွဲတော်နီးကပ်လာပြီဖြစ်ရာ ကူမင်းမြို့ ချုန့်ရှင်းလယ်ယာထွက်ပစ္စည်းအရောင်းဆိုင်တွင် ကောက်ညှင်းထုပ်များသည် အ၀ယ်လိုက်၍ ရေပန်းစားလှသည်။ ရှေးဟောင်းကူမင်းရေသန့်ကောက်ညှင်းထုပ်၊ ရှီဖိန် ဆန်မွှေးကောက်ညှင်းထုပ်၊ တယ်ဟွန်တိုင်လူမျိုး အသားကောက်ညှင်းထုပ်ကြီး၊ တာ့လီပိုင်လူမျိုး ကိုယ်ထုတ်အယ်လကာလိုင် အမွှေးကောက်ညှင်းထုပ်၊ ချူကျင့် ပုရီးလူမျိုး ရောင်စုံကောက်ညှင်းထုပ်စသည်ဖြင့် အမျိုးအစားစုံလင်စွာရှိပါသည်။ ထိုသို့ ထူးထူးခြားခြားများများပြားပြားရှိ၍ မြို့နယ်သူမြို့နယ်သားများကို လာရောက်ဝယ်ယူရန် စွဲဆောင်လျက်ရှိနေသည်။